ရှေ့သို့
Image

ဗန်ဒိုက်က တစ်ဦးတည်း ကစားသလိုဖြစ်နေတယ်လို့ ဆိုလိုက်တဲ့ ဒန်နီမာဖီ

1:47 PM, 8 September

လီဗာပူးအသင်းဟာ ရာသီအစမှာ ခက်ခက်ခဲခဲကစားခဲ့ရတာကို တွေ့ကြုံခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၆ ပွဲကနေ ရမှတ် ၉မှတ်အထိ ဆုံးရှုံးထားတာဖြစ်ပါတယ်။

စနေနေ့မှာ အဲဗာတန်နှင့် ဂိုးမရှိသရေကျခဲ့တာက ကလော့ပ်ရဲ့အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး သူတို့အသင်းမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နှင့် ၆မှတ်ကွာအနေအထားမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ တော်တော်များများကတော့ ပြီးခဲ့တဲ့နှစ်တွေ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှုးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဗန်ဒိုက်ရဲ့ ခြေစွမ်းများအပေါ် မေးခွန်းထုတ်နေကြတာဖြစ်ပြီး နယ်သာလန်သားဟာ ဒဏ်ရာကနေပြန်ကောင်းလာပြီးကတည်းက သူ့ရဲ့ကစားပုံတွေက ကျဆင်းနေတာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံသားဟာ ACL ဒဏ်ရာကို ၂၀၂၀ခုနှစ်အောက်တိုဘာလကတည်းက ကာလရှည်ခံစားခဲ့ရတာဖြစ်ပြီး ၂၀၂၁-၂၂ ရာသီအစမှ ပြန်လည်ကစားနိုင်တာဖြစ်ကာ အဆိုပါရာသီတွင် ပြိုင်ပွဲစုံ ၅၁ ပွဲအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။ ၂ ပွဲအတွင်းမှာ ဆုဖလား ၄ လုံးရရှိမယ့် အင်္ဂလန်ရဲ့ ပထမဆုံးအသင်းဖြစ်လာအောင် လီဗာပူးအသင်းကို ဦးဆောင်နိုင်ခဲ့သော်လည်း ဗန်ဒိုက်ဟာ ဒဏ်ရာတွေနဲ့ အကျိုးဆက်ကို ခံစားနေရတုန်းဖြစ်ပါတယ်လို့ မာဖီက ထင်နေပါတယ်။

talkSPORT သို့ ဖူလ်အသင်းရဲ့ ကစားသမားဟောင်းက "သူက သူ့ရဲ့အဆင့်မှာမရှိသေးပါဘူး။ ဒဏ်ရာမရရှိခင်တုန်းက သူဟာ ကျွန်တော်တို့မြင်တွေ့ဖူးသမျှ အကောင်းဆုံးခံစစ်မှုးတွေထဲက တစ်ဦးဖြစ်ပါတယ်" "ဒဏ်ရာဟာ သူ့အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး ပွဲတွေ မကစားရတာကြောင့် ပြဿနာမရှိခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာမှာတော့ အရင်လိုနေရာသို့ ပြန်မရောက်သေးတာဖြစ်ပါတယ်" "သူဟာ ဘာမှမသိဘဲ သူတစ်ဦးတည်း ကစားနေသလိုဖြစ်နေပါတယ်။ အရင်ကလည်း ကျွန်တော်က ACL ဒဏ်ရာရရှိခဲ့ဖူးတဲ့ ကစားသမားတွေနဲ့ ကစားခဲ့ဖူးပါတယ်။ သူတို့တွေဒဏ်ရာကနေ ပြန်သက်သာလာတဲ့အချိန်မှာ သူတို့တွေရဲ့လုပ်ဆောင်မှုတွေကို တွေ့နိုင်မှာပါ"

"ကျွန်တော်တို့ဟာ အံ့ဩဖွယ်ကောင်းလောက်အောင် စွမ်းဆောင်ရည်မြင့်မားခဲ့တဲ့ ကစားသမားတစ်ဦးအကြောင်း ပြောနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူဟာ စွမ်းဆောင်ရည်ကျဆင်းနေတာဖြစ်ပါတယ်" လို့ ဗန်ဒိုက်က ပြောပါတယ်။

လက်ရှိရာသီမှာ ကစားနိုင်နေသော်လည်း ဗန်ဒိုက်ဟာ သူ့ရဲ့အကောင်းဆုံးအနေအထားသို့ ပြန်လည် မရောက်ရှိသေးတာဖြစ်ကာ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ခြေစွမ်းတွေက PFA ရဲ့ ပရီးမီးယားလိဂ်တစ်ရာသီစာ အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်လာတဲ့အထိ ကောင်းခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ သူ့အပေါ်သံသယတွေဖြစ်နေခြင်းက မှားယွင်းနေတယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးရှိနေတာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လီဗာပူးဟာ နာပိုလီနှင့် စတင်ကစားရမှာဖြစ်ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #မာဖီ #ပရီးမီးယားလိဂ်