ရှေ့သို့
Image

အန်တိုနှင့် ဆက်သွယ်ပြောဆိုရတာကို သဘောကျနေတဲ့ ဒါလော့

11:17 AM, 8 September

ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ပွဲစဉ် ၄ ပွဲမှာ ပေါ်တူဂီနိုင်ငံသားဟာ ခြေစွမ်းကောင်းပြသထားတာဖြစ်ပြီး အာဆင်နယ် အသင်းအား ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းက အသစ်ခေါ်ယူထားတဲ့ ဘရာဇီးသားနှင့် တွဲဖက်ကစားခဲ့ရတာဖြစ်ပါတယ်။ အန်တိုနီဟာ ပွဲကစားချိန် ၃၅ မိနစ်မှာ ပွဲဦးထွက်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ ကစားသမားတွေထဲမှာ တောင်အမေရိသားတွေနဲ့ ပေါ်တူဂီဘာသာစကားပြောဆိုတဲ့ သူတွေရှိနေခြင်းက အသားကျရမှာပိုပြီး မြန်ဆန်စေပါတယ်လို့ ဒါလော့က ပြောဆိုထားပါတယ်။

"ဒါကြောင့် သူနဲ့ စကားပြောဆိုရာမှာ ပိုပြီးလွယ်ကူစေပါတယ်၊ ကျွန်တော်က သူ့ကို ပေါ်တူဂီလိုပြောနိုင်တယ်လေ၊ ဒါကလည်း အင်္ဂလိဂ်လိုပြောတာထက်ပိုပြီး မြန်ဆန်ပါတယ်" "သူဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ကောင်းကောင်းကူညီနိုင်တဲ့သူဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ဒါလော့က ပြောပါတယ်။

ယူရိုပါလိဂ်အဖွင့်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နှင့် ပွဲမတိုင်ခင် အိုးထရက်ဖို့ဒ်မှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ အနည်းငယ်လောက်သာ ခြေစွမ်းပြထားနိုင်သော်လည်း အန်တိုနီနှင့်ပတ်သက်ပြီး ပရိသတ်တွေက စိတ်ရှည်သင့်ပါတယ်လို့ ဒါလော့ကပြောထားပါတယ်။

"သူနဲ့အသားကျဖို့ ကျွန်တော်တို့အတွက်လည်း အချိန်ယူရမှာပါဖြစ်သလို သူကလည်း ကျွန်တော်တို့နဲ့ အသားကျဖို့ အချိန်ယူရမှာဖြစ်ပါတယ်။ သူဟာ လေ့ကျင့်ရေးနဲ့ အထူးသဖြင့်ပွဲထဲမှာ မြန်မြန်အသားကျလာမယ်လို့ ကျွန်တော်ထင်ပါတယ်" "အားလုံးကလည်း သူကို ကြိုဆိုကြသလို ဒီမှာအောင်မြင်မှုရရှိမယ်လို့လည်း သေချာပေါက် ယုံကြည်ပါတယ်" လို့ ဒါလော့က ပြောပါတယ်။

ယူနိုက်တက်ရဲ့ အန်တိုနီရဲ့ ပုံတွေက သတင်းစာတွေက ဖော်ပြထားကြတာဖြစ်ပြီး သူဟာ အသင်းသစ်နဲ့ မြို့အသစ်မှာ ပျော်ရွင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အသစ်ရောက်လာတဲ့ ကစားသမားရဲ့ ကောင်းမွန်မှုတွေက ကာရင်တန်မှာ သက်သေအထောက်အထားတွေရှိပါတယ်လို့ ဒါလော့က ပြောပါတယ်။

"ပြီးခဲ့တဲ့လတွေကတည်းက ရာသီဥတုကလည်းကောင်းနေပါတယ်" လို့ ညာနောက်တန်းကစားသမားက ရယ်ပြီးပြောပါတယ်။ "သူဟာ ဒီမြို့အကြောင်းနဲ့ပတ်သက်ပြီး မျှော်လင့်ချက်အများကြီးမထားဘဲ ရောက်လာတာပါ။ သူ ပျော်နေတယ်လို့ ကျွန်တော်ထင်ပါတယ်" "တနင်္ဂနွေနေ့ပြီးနောက်မှာတော့ သူက ပိုပြီးပျော်ရွင်လာပါတယ်" လို့ ဒါလော့ကပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်