ရှေ့သို့
Image

ပီအက်စ်ဂျီအသင်းကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာက အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အယ်လီဂရီ

2:43 PM, 7 September

ပြီးခဲ့တဲ့ညမှာ ကစားခဲ့ကြတဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တစ်ခုဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်စ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း ပီအက်စ်ဂျီအသင်းကို မက်ပီရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ဂိုး - ၁ဂိုးဖြင့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတဲ့အပေါ် ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီက ကစားသမားတွေအနေဖြင့် အခွင့်အရေးတွေကောင်းတွေ ကို အသုံးချနိုင်ခဲ့ခြင်း မရှိတဲ့အကြောင်းကို စိတ်ပျက်စွာ ထောက်ပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အီတလီထိပ်သီးကလပ် ဂျူဗင်တပ်အသင်းကို ၂ဂိုး - ၁ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ကမ္ဘာ့ဖလားချန်ပီယံပြင်သစ် အသင်းရဲ့အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ ကိုင်လီယန်မက်ပီ တစ်ဦးတည်းက အပြောင်းအရွှေ့ကာလအတွင်း အနာဂတ် မရေမရာဖြစ်ထားခဲ့တဲ့ နေမာ၊ မော်ရိုကိုညာနောက်ခံကစားသမား ဟာခီမီ တို့ရဲ့ ဖန်တီးမှုမှတစ်ဆင့် ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ဆက်တိုက် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာမှ ကော့စ်တစ်ရဲ့ ဘယ်တောင်ပံမှကန်တင်ပေးပို့လိုက်တဲ့ ဖြတ်တင်ဘောကို မက်ကင်နီ ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြ အယ်လီဂရီက ပွဲမစတင်မီက အုပ်စု (ဈ)အတွင်း မက္ကာဘီဟိုင်ဘာအသင်းကို ၂ - ၀ နဲ့အနိုင်ရယူနိုင်ခဲ့တဲ့ ဘင်ဖီကာအသင်းကသာ အဓိကပြိုင်ဘက်အသင်းဖြစ်တယ်လို့ ပြောဆိုမှု ပြုလုပ်ခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကို အရေးနိမ့်ခဲ့တဲ့အပေါ် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက“ကောင်းမွန်တဲ့ ကစားပွဲတစ်ခုကို ကစားခဲ့ကြရတာပါ။ ပွဲချိန်နောက်ဆုံးမိနစ်အထိ ခေါင်းတိုက် အဆုံးသတ်ခွင့်တွေ ရရှိခဲ့ကြေပေမဲ့ ကစားသမားတွေက ဖြူန်းတီးမိခဲ့ကြပါတယ်”  “မက်ကင်နီ က ညာခြမ်းတစ်လျှောက် ပြိုင်ဘက်ကို ဖိအားပေး အလုပ် ရှုပ်စေတဲ့အချိန်မှာ ဘယ်ခြမ်းတိုက်စစ်ဘက်က အခွင့်အရေးကောင်းတွေ ပိုမို ဖန်တီးနိုင်ဖို့လည်း လိုပါတယ်” “ကျွန်တော်တို့အနေဖြင့် မှန်ကန်တဲ့ ကစားကွက်မှာ သင့်လျော်တဲ့ ကစားသမားတွေက ထည့်သွင်းအသုံးပြုဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး ယနေ့ညမှာ ကစားခဲ့တာက လိဂ်ပြိုင်ပွဲအတွင်းမှာ ကစားခဲ့တဲ့ ခြေစွမ်းတွေထက်တောင် ပိုကောင်းခဲ့ပါတယ်”လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ဂျူဗင်တပ်စ် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #အယ်လီဂရီ