မန်စီးတီး အသင်းရဲ့ ကစားပုံနဲ့အံဝင်လာတဲ့အခါ ဟာလန်းအနေဖြင့် သွင်းဂိုးတွေ ပိုမို သွင်းယူလာနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့ ဒီဘရိုင်း
2:37 PM, 7 September
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပြီးခဲ့တဲ့ ညမှာ မန်စီးတီးအသင်းနဲ့ ဆီဗီလာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန်စီးတီးအသင်းက ၄ဂိုး ပြတ် အနိုင်ရယူနိုင်ခဲ့ပြီးနောက် အဓိကကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းက တိုက်စစ်မှုးဟာလန်းအနေဖြင့် ကစားကွက်နဲ့ အံဝင်လာတဲ့အခါ သွင်းဂိုးတွေ ပိုမိုသွင်းယူလာနိုင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဟာလန်းက ဆီဗီလာအသင်းကို ၄ - ၀ နဲ့အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းခေါင်းဆောင် ကီဗင်ဒီဘရိုင်းရဲ့ ဖန်တီးမှု ပိတ်သွင်းကာ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်သလို ဖိုဒန်ရဲ့ကန်ချက်ကို ဆီဗီလာဂိုးသမား ပုတ်ထုဟန့်တားရာမှ လျှံထွက်လာတဲ့အလုံးကို ပိတ်သွင်းယူခဲ့ပြီး ယခုနှစ်ဘောလုံးရာသီစတင်လို့ များမကြာမီ ၇ပွဲ ကစားအပြီးမှာပဲ ၁၂ဂိုးအမြာက် သွင်းဂိုးကို သွင်းယူ သွားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်းမှာမှ မန်စီးတီးအသင်းက ပေါင် ၅၁သန်းဖြင့် ဒေါ့မွန်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဟာလန်းက ဆီဗီလာအသင်းဘက်ကို ၂ဂိုးသွင်းယူနိုင်ခဲ့သလို အကယ်ဒမီထွက် ကစားသမား ဖိုဒန်ရဲ့ ပြိုင်ဘက် နောက်ခံလူ တွေကို ပြာယာခက်သွားစေတဲ့ လှပတဲ့သွင်းဂိုအပြင် ကန်ဆယ်လိုရဲ့ ဖန်တီးပေးပို့မှုကနေ ရရှိလာတဲ့ အဓိကနောက်ခံလူ ရူဗင်ဒီယက်စ်ရဲ့ သွင်းဂိုး တို့ဖြင့် လာလီဂါကလပ်ကို အဝေးကွင်းမှာပဲ ပြတ်ပြတ်သားသား အနိုင်ရယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဆီဗီလာအသင်းဘက်ကို ၂ဂိုး သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာပါ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူထားနိုင်ခဲ့တဲ့ ဟာလန်းနဲ့ ပတ်သက်လို့ မန်စီးတီးအသင်းခေါင်းဆောင် ဒီဘရိုင်းက“ဟာလန်းအနေနဲ့ ကျွန်တော်တို့အသင်း လက်ရှိကစားနေတဲ့ အဆင့်အတန်း၊ နည်းစနစ်တွေနဲ့ အလျှင်အမြန်ပဲ အံဝင်စပြုလာပြီ ဖြစ်လို့ ကျေနပ်စရာပါ” “မန်စီးတီးအသင်းရဲ့ ကစားပုံနဲ့ ပိုမိုအံဝင်လာတဲ့ အခါ သူ့ဆီကနေ ပိုမိုများပြားလှတဲ့ သွင်းဂိုးတွေကို မြင်တွေသွားရမှာပါ”လို့ ချီးကျူး ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။