ရှေ့သို့
Image

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ဟာလန်းတစ်ယောက်တည်းအပေါ် မှီခိုနေတာမျိုး ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ပက်ဂွာဒီယိုလာ

2:00 PM, 6 September

ပရီမီးယားလိဂ်ချန်ပီယံဆုကို ၃နှစ်ဆက် ရယူနိုင်ဖို့ ဘောလုံးပရိသတ်တွေအပါအဝင် ဘောလုံးဝေဖန်သုံးသပ်သူ အားလုံးနီးပါး အလေးပေးခြင်းခံထားရတဲ့ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ဒေါ့မွန်အသင်းဆီကနေ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား ဟာလန်းရဲ့ အထူးခြေစွမ်းပြ ဂိုးသွင်းယူနိုင်မှုတွေကြောင့် ချန်ပီယံလိဂ်ပြိုင်မှာပါ ဗိုလ်စွဲလာနိုင်ခြေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေအပေါ် နည်းပြ ပက်ဂွာဒီယိုလာက မှတ်ချက်ပေး ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ဟာလန်းရဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ချန်ပီယံလိဂ်ဖလားရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ နည်းပက်ဂွာဒီယိုလာ အနေဖြင့် ဥရောပချန်ပီယံဖြစ်ဖို့အတွက် ဟာလန်းက တစ်ခုတည်းသော မျှော်လင့်ချက် မဟုတ်ဘူးလို့ မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။

မန်စီးတီးအသင်းက ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ပြည်တွင်းပြိုင်ဘက် ချဲလ်ဆီးအသင်းကို ကွင်းလယ်ကစားသမား ကိုင်ဟားဗက်ဇ်ရဲ့ တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဦးဆောင်ဂိုးဖြင့် အရေးနိမ့်ခဲ့ရပြီး အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနေဖြင့် ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခွင့်ကနေ လွဲချော်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းက နက်ဖြန် နံနက် ၁နာရီခွဲ အချိန်မှာ လာလီဂါကလပ် ဆီဗီလာ အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပထမဆုံးပွဲစဉ်အဖြစ် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်သလို ပရီးမီးယားလိဂ် ပွဲစဉ် (၇) အဖြစ်တော့ ပုံစံကောင်းတွေ ပြသနေတဲ့ အန်တိုနီယို ကွန်တီရဲ့ တော့တင်ဟမ်အသင်းနဲ့ အီတီဟတ်ကွင်းအတွင်းမှာ ဧည့်ခံ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဟာလန်း #ပရီးမီးယားလိဂ်