ရှေ့သို့
Image

ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်ဒီက ဒဏ်ရာ ရရှိတဲ့ပုံဟန်ဆောင်ခဲ့ပါတယ်လို့ စွပ်စွဲလိုက်တဲ့ မိုယက်စ်

1:29 PM, 5 September

ဝက်စ်ဟမ်းအသင်းရဲ့ ဂိုးအားခွင့်မပြုခဲ့တဲ့ ဖြစ်ရပ်တွင် ချဲလ်ဆီးဂိုးသမား မန်ဒီက ဒဏ်ရာရရှိတဲ့ ပုံဟန်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ မိုယက်စ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

"ဒါကိုအားလုံးလည်းတွေ့ခဲ့ရမှာပါ။ ဒါဟာ ထိပ်တန်းဒိုင်လူကြီးတစ်ဦးရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ VAR သွားကြည့်ခဲ့တဲ့ သူကိုလည်း ဘာမှမပြောချင်တော့ပါဘူး၊ ကျွန်တော်တို့အတွက်ကတော့ မယုံကြည်နိုင်လောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ" "၂-၂ ဂိုးဖြစ်သွားပြီလို့ ကျွန်တော်တို့က ထင်ခဲ့တာပါ၊ ဒါဟာ ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာနဲ့လည်း ဘာမှမဆိုင်ပါဘူး"

"ကျွန်တော်ဟာ VAR ကို ထောက်ခံတဲ့သူဖြစ်သော်လည်း ဂိုးသမားက ဒိုင်ဗင်ထိုးခဲ့တာပါ၊ သူဟာ ဘောလုံးကို မမီတော့တာကြောင့် ဒဏ်ရာရရှိတဲ့ပုံ ဟန်ဆောင်ခဲ့တာပါ။ ပထမဂိုးတုန်းကလည်း အဲ့ဒီလိုပါပဲ" "ကွင်းလယ်ဒိုင်ရဲ့ ဘယ်လိုမှားယွင်းဆုံးဖြတ်လိုက်သလဲဆိုတာက မယုံကြည်နိုင်စရာပါပဲ" လို့ မိုယက်စ်က ပြောပါတယ်။

ထောင့်ကန်ဘောကနေ အန်တိုနီယိုရဲ့ ပိတ်သွင်းမှုကြောင့် ဝက်စ်ဟမ်းအသင်းဟာ အဖွင့်ဂိုးရရှိသွားခဲ့ပါတယ်။ သို့သော်လည်း ချဲလ်ဆီးအသင်းအတွက် ဘန်ချီဝဲလ်နှင့် ဟာဗက်ဇ်တို့က ဂိုးများသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟားဗက်ဇ်ရဲ့ အနိုင်ဂိုးကို ကော်နက်က ပြန်လည်ချေပနိုင်ခဲ့သော်လည်း VAR က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဂိုးသွင်းယူမှုတွင် လွတ်ထွက်သွားတဲ့ ဘောလုံးကို ကော်နက်က သွင်းယူခဲ့တာဖြစ်သော်လည်း မန်ဒီနှင့် ဘိုဝမ်တို့က တိုက်မိခဲ့ကြတာဖြစ်ပါတယ်။

VAR ဒိုင်ဖြစ်တဲ့ ဂီလတ်ဟာ ကွင်းလယ်ဒိုင်ကို မော်နီတာအားလာကြည့်ဖို့အတွက် အကြံပေးခဲ့တာဖြစ်ပါတယ်။ အနှေးပြကွက်တွေအရ ဘိုဝမ်နှင့် မန်ဒီတို့ဟာ ထိတွေ့မှုရှိခဲ့တာဖြစ်သော်လည်း ဘောလုံးကို ရယူဖို့အတွက် ဆီနီဂေါနိုင်ငံသားက လှဲချခဲ့တာဖြစ်ပါတယ်။ မိုယက်စ်ဟာ ကွင်းအတွင်းသို့ ဝင်ရောက်ကာ စောဒတက်ခဲ့သလို ဒိုင်လူကြီးများရဲ့ နားနေခန်းသို့သွားရောက်ကာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြတူချယ်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"ဒါဟာ ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုတာရှင်းနေတာပါ။ ပထမဂိုးအတွက်လည်း အဲ့ဒီလိုဖြစ်မယ်လို့ ကျွန်တော်က သံသယရှိပါတယ်" "ကျွန်တော်တို့က တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်သွားဖြစ်ပြီး အဆိုပါ အရှိန်အဟုန်ကို အသုံးချဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ အခုတော့ရှင်းလင်းသွားပြီဖြစ်ကာ ကျွန်တော်တို့က အရာအားလုံးအတွက် အပြည့်အဝပေးဆပ်ထားတာဖြစ်ပါတယ်" "ကျွန်တော်တို့ဟာ လုပ်ဆောင်မှုရဲ့ အလယ်မှာရှိနေတာဖြစ်ပြီး မပြီးဆုံးသေးတာဖြစ်ပါတယ်" လို့ တူချယ်က ပြောပါတယ်။

#ချဲလ်ဆီး #ဝက်စ်ဟမ်း #မန်ဒီ #မိုယက်စ် #ပရီးမီးယားလိဂ်