ရှေ့သို့
Image

ယူနိုက်တက်ရဲ့ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ ညာတောင်ပံကို အန်တိုနီက ပြန်လည် တောက်ပစေနိုင်လိမ့်လို့ ကြွေးကြော်လိုက်တဲ့ အဲရစ်တန်ဟတ်

10:47 AM, 5 September

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချူပ် အဲရစ်တန်ဟတ်က ယူနိုက်တက်အသင်းရဲ့ ကာလရှည်ပျောက်ဆုံးနေခဲ့တဲ့ ညာတောင်ပံတိုက်စစ်ပိုင်းအား အန်တိုနီကို အေဂျက်စ်အသင်းကနေ ခေါ်ယူလိုက်နိုင်ခြင်းက အကောင်းမွန်ဆုံး ပြန်လည် အားဖြည့်နိုင်မှု ဖြစ်လာစေမယ်လို့ ကြွေးကြော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၆)အဖြစ် ပြီးခဲ့တဲ့ တင်္ဂနွေနေ့ညမှာ အို့ထရက်ဖို့ဒ် ကွင်းအတွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်အသင်းကို ၃ဂိုး - ၁ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ပြောဆိုသွားခဲ့တာပါ။

ယူနိုက်တက်အသင်းက အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၈၆သန်း (ယူရိုသန်း ၁၀၀) ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပြီး ၄ရက်အကြာ တနင်္ဂနွေညမှာပဲ အို့ထရက်ဖို့ဒ်ကွင်းအတွင်း၌ ဇယားထိပ်နေရာမှ အာဆင်နယ်အသင်းကို လက်ခံကစားရတဲ့ ပွဲစဉ်မှာ ညာတောင်ပံတစ် လျှောက်ခြေစွမ်းပိုင်း လိုအပ်ချက်တွေရှိနေသေးတဲ့ အန်တိုနီအီလန်ဂါရဲ့ နေရာမှာ အစားထိုးကာ ပွဲထွက်ကစားသမား အဖြစ် ဝင်ရောက် ကစားစေခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးစတား ရော်နယ်ဒိုက ယူနိုက်တက်အသင်းအတွက် ၉ဦးမြောက် ဘရာဇီးကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး အာဆင်နယ်အသင်းဘက်ကို ပွဲကစားချိန် ၃၅မိနစ်အရောက်မှာပဲ တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ် ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် သရီနီတပ်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ကစားသမားသစ် အန်တိုနီရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်တဟ်က “ကျွန်တော်တို့အားလုံး အန်တိုနီက ပြိုင်ဘက်အသင်းကို စိတ်လှုပ်ရှားဖွယ် ထိုးဖောက်ဖို့ ကြိုးစားနေတာကို မြင်တွေ့ခဲ့ကြရမှာပါ။ သူ့ရဲ့အမြန်နှုန်းနဲ့ အခွင့်အရေးဖန်တီးပုံကောင်းမွန်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ကြောက်မက်ဖွယ် ကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်” “ယူနိုက်တက်မှာ ရှိနေတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ကလည်း ညာတောင်ပံမှာကစားနိုင်ပေမဲ့ သူတို့အဓိက နှစ်သက်တဲ့နေရာကတော့ ဘယ်ခြမ်းနဲ့ အထောင်တိုက်စစ်နေရာတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ညာခြမ်းတိုက်စစ်ကစားသမားစစ်စစ် ပျောက်ဆုံးနေခဲ့တယ်လို့ဆိုနိုင်ပြီး အန်တိုနီက ဒီနေရာကို အကောင်းမွန်ဆုံး ပြန်လည် တောက်ပလာစေမှာပါ” လို့ အာဆင်နယ် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး Sky Sport သတင်းဌာနကို ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အန်တိုနီ #တန်ဟတ် #ပရီးမီးယားလိဂ်