ရှေ့သို့
Image

မာဆေးဆိုဒ်ဒါဘီပွဲစဉ်က ဂိုးသမား ပစ်ဖို့ဒ်ရဲ့ လက်စွမ်းကို ချီးကျူးလိုက်တဲ့ လမ်းပတ်

3:03 PM, 4 September

လီဗာပူးနှင့်ကစားခဲ့တဲ့ မာဆေးဆိုဒ်ပွဲစဉ်မှာ လက်စွမ်းပြသခဲ့တဲ့ အသင်းခေါင်းဆောင် ပစ်ဖို့ဒ်ကို လမ်းပတ်က ချီးကျူးလိုက်ပြီး သူ့ရဲ့လက်စွမ်းကြောင့် ရမှတ် ၁ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။


ဂွတ်ဒီဆင်ပတ်ခ်က သရေကျခဲ့တဲ့ပွဲမှာ လီဗာပူးရဲ့ဂိုးဘက်မှာ အလီဆင် ပြုလုပ်ခဲ့သလိုပဲ ပစ်ဖို့ဒ်ဟာ အကောင်းဆုံးလက်စွမ်းပြ ကာကွယ်ခဲ့တာဖြစ်ပြီး အဲဗာတန်ကတော့ ၆ ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။


သို့သော်လည်း အဆိုပါပွဲစဉ်ကနေ လမ်းပတ်အတွက်တော့ အသင်းရဲ့ ကစားပုံ၊ စိတ်ဓာတ်နှင့် ပေးဆပ်မှုတွေအတွက်ကတော့ ကောင်းကွက်တွေရှိခဲ့တာဖြစ်ပါတယ်။


"တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ ပွဲကောင်းတစ်ပွဲပါ၊ နှစ်သင်းစလုံးက အခွင့်အရေးတွေရရှိခဲ့ကြသော်လည်း ဂိုးသမား ၂ ဦးစလုံးက လက်စွမ်းပြ ကာကွယ်ခဲ့ကြပါတယ်"


"ဒါဟာ ဂွတ်ဒီဆင်ပတ်ခ်ရှိ ကျွန်တော့်ရဲ့ ပထမဆုံး ဒါဘီပွဲစဉ်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ကစားသမားတွေရဲ့ စိတ်ဓာတ်တွေကလည်း အရမ်းကိုကောင်းပါတယ်။ လီဗာပူးဟာ ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့အသင်းကလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှု၊ ကစားသမားတွေရဲ့ ကြိုးစားကစားမှုတို့နဲ့ အကောင်းဆုံးရင်ဆိုင်ကစားခဲ့တာဖြစ်ပါတယ်" လို့ လမ်းပတ်က ပြောပါတယ်။


ဘောလုံးဆုံးရှုံးသွားတဲ့အချိန် ဖိအားပေးကစားတဲ့ လီဗာပူးကို ပြန်လည်တုန့်ပြန်ခဲ့တဲ့ အဲဗာတန်ရဲ့ ပွဲအစီစဉ်နဲ့ပတ်သက်ပြီး လမ်းပတ်ကရှင်းပြပါတယ်။


"ဘောလုံးဆုံးရှုံးသွားတဲ့အချိန် ကျွန်‌တော်တို့ရဲ့ ချဉ်းကပ်မှုကို ပိုပြီး လုပ်ဆောင်စေချင်ခဲ့တာပါ။ သူတို့အသင်းရဲ့ ဖိအားပေးမှုကို ကျွန်တော်တို့က မတုန့်ပြန်နိုင်ခဲ့သော်လည်း ကျွန်တော်တို့က အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ရဲ့ အစီစဉ်ကတော့ ပွဲထဲမှာအကောင်းဆုံးကစားပြီး အခွင့်အရေးတွေ ဖန်တီးဖို့ပဲဖြစ်ပါတယ်။ သို့သော်လည်း ရမှတ် ၁ မှတ် ရရှိခဲ့တာကြောင့် ပျော်ရွင်မိပါတယ်"


"ဒီနေ့ပွဲမှာ ပစ်ဖို့ဒ်ဟာ ကောင်းမွန်တဲ့ ကာကွယ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး အလီဆင်ကလည်း အတူတူပါပဲ။ သူတို့နှစ်ဦးဟာ ထိပ်တန်းအဆင့်ရှိတဲ့ ဂိုးသမားတွေဖြစ်ကြပါတယ်။ ပစ်ဖို့ဒ်က တကယ့်ဂိုးသမားကောင်းတစ်ဦးဖြစ်ပြီး ဒီလိုဂိုးသမားမျိုးအသင်းမှာရှိတာက ကျွန်တော်တို့အတွက် တော်တော်လေး ကံကောင်းပါတယ်"


"အသင်းရဲ့ ကစားခဲ့တဲ့ပုံကြောင့် ယခုရလဒ်ထက်ပိုပြီးထိုက်တန်သလို သူတို့တွေကလည်း ပိုပြီးထိုက်တန်မှုရရှိသင့်ပါတယ်။ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင် ကျွန်တော်တို့က ကစားသမား အသစ်တွေနဲ့ ကစားခဲ့တာဖြစ်ပြီး အကောင်းဆုံးလုပ်နိုင်ခဲ့တာပါ။ တိကျသေချာတဲ့ အခြေအနေကြောင့် ရလဒ်အပေါ် သက်ရောက်မှုမရှိနိုင်သော်လည်း အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်ကိုတော့ သက်ရောက်နိုင်ပါတယ်" လို့ လမ်းပတ်က ပြောပါတယ်။


#အဲဗာတန် #လမ်းပတ် #ပစ်ဖို့ဒ် #ပရီးမီးယားလိဂ်