ရှေ့သို့
Image

ဖီအိုရင်တီးနားပဲ သရေပဲကစားနိုင်ခဲ့လို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီပေါက်ကွဲနေ

12:56 PM, 4 September

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီဟာ ယမန်နေ့ည ဖီအိုရင်တီးနားကို သရေပဲ ကစားနိုင်ခဲ့တဲ့အပေါ် ပေါက်ကွဲလျက် ရှိနေပါတယ်။ 

မီလစ်က ဂျူဗင်တပ်စ်အတွက် ပထမဆုံး ပွဲထွက်ခဲ့စဉ်မှာတင် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ အဆိုပါ သွင်းဂိုးက နိုင်ပွဲရဖို့ မလုံလောက်စေခဲ့ပါဘူး။


၂၉မိနစ်မှာ ကူအာမီက မက္ကင်နီရဲ့ အမှားကနေ ဖီအိုအတွက် ချေပဂိုး ပြန်သွင်းပေးသွားခဲ့ပါတယ်။

ပထမပိုင်းပြီးခါးနီးမှာ ဂျူဗီဂိုးသမား  ပီရင်က လူကာ ဂျိုဗစ်ရဲ့ ပင်နယ်တီကို ကာကွယ်ခဲ့လို့ ဂျူဗီတို့ ရှုံးပွဲမကြုံခဲ့တာ ဖြစ်ပါတယ်။

အယ်လီဂရီက ကူအာမီ ချေပဂိုး ပြန်သွင်းသွားတဲ့အချိန် ဂျူဗီရဲ့ အားထုတ်ပုံနဲ့ ပတ်သက်ပြီး လုံး၀ ကျေနပ်ခြင်း မရှိပါဘူး။


အယ်လီဂရီက "ပေါက်ကွဲတာက နားလည်နိုင်ပြီး အဲ့ဒီဂိုးကို ခွင့်မပြုခဲ့သင့်ပါဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ပွဲကို အဆုံးမသတ်ခဲ့သင့်ပါဘူး"

"ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခံစစ်ကစားခဲ့ပေမဲ့ တကယ်တမ်း တိုးတက်ရမှာက ဘောလုံးကိုင်ထားတဲ့အချိန်၊ ဦးဆောင်နေတဲ့ အချိန်တွေမှာ ဂိုးသွင်းနိုင်ဖို့ ပါပဲ"

"မက္ကင်နီဆီကနေ ဘောလုံးပြန်ယူသွားတာက ၁ဂိုးစီ သရေဖြစ်စေခဲ့ပြီး အဲ့ဒါကပဲ ပွဲကို ပြောင်းလဲသွားစေပါတယ်"လို့ ပြောခဲ့ပါတယ်။


အလားတူ အယ်လီဂရီဟာ တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ပွဲတွေအများကြီး ကစားထားရလို့ ဖီအိုနဲ့ ပွဲမှာ အနားပေးခဲ့တယ်ဆိုတဲ့အကြောင်းလည်း ရှင်းပြသွားခဲ့ပါတယ်။


#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ