ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့ပွဲမှာ မန်စီးတီးက တိကျမှုအားနည်းခဲ့ကြောင်း ဂွါဒီယိုလာ ဝေဖန်

10:53 AM, 4 September

ပက် ဂွါဒီယိုလာက မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ တိကျမှု အားနည်းခဲ့ကြောင်း ညည်းညူသွားခဲ့ပါတယ်။

မန်စီးတီးသင်းဟာ ဟာလန်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ လီယွန် ဘိုင်လီက ဗီလာအတွက် ချေပဂိုး သွင်းခဲ့လို့  သရေ၁မှတ်သာ ရခဲ့ပါတယ်။

မန်စီးတီးတို့ ဦးဆောင်ဂိုးရရေး ပြန်လည်ကြိုးစားခဲ့ပေမဲ့ တိကျမှုအားနည်းခဲ့တဲ့ အခြေအနေမှာ ဂွါဒီယိုလာတစ်ယောက် စိတ်ပျက်ခဲ့ရပါတယ်။


ဂွါဒီယိုလာက "ဒီပွဲက ပွဲကောင်း၁ပွဲပါ။ ကျွန်တော်တို့ မိနစ်၉၀အတွင်း ဂိုးပေါက်တည့်မှု ၁ကြိမ်ကနေ ဂိုးပေးလိုက်ရပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်ဧရိယာထဲ တိကျမှု အားနည်းခဲ့ပြီး ပထမပိုင်းမှာဆို ပိုဆိုးပါတယ်။ ဒုတိယပိုင်းမှာ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ မသွင်းနိုင်ခဲ့ပါဘူး"

"ဂိုးသွင်းပြီးတဲနောက် ကျွန်တော်တို့ ပိုကောင်းလာပေမဲ့ ဖြတ်တင်ဘောတိကျမှု အားနည်းခဲ့ပြီး အခြေအနေအချို့ကို လွဲချော်ခဲ့တာကြောင့် ဂိုးမသွင်းနိုင်ခဲ့တာပါ"


"ဗီလာက ခံစစ်ကစားတာ တော်တော်ကောင်းခဲ့ပြီး စုဖွဲ့မှုအားရော၊ ကြံ့ခိုင်မှုအားပါ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ခံစစ်ကလည်း အခြေအနေတစ်ခုလွဲရင် ကျန်တဲ့အချိန် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။


#မန်စီးတီး #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်