ရှေ့သို့
Image

ကေ-လိဂ် ချန်ပီယံ ဟွန်ဒိုင်းမော်တာ အသင်းရဲ့ နည်းစနည်းဒါရိုက်တာအဖြစ် တာဝန်ယူခွင့်ရခဲ့ပြီဖြစ်တဲ့ ပက်ဂျီဆန်

2:39 PM, 3 September

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ခဲ့သလို ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ တောင်ကိုရီးယားကွင်းလယ်ကစားသမား ပက်ဂျီဆန်က ကိုရီးယားလိဂ်ရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ ဂျီအွန်ဘက်ဟွန်ဒိုင်းမော်တာ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ရာထူးကို တာဝန်ယူလက်ခံလိုက်ပြီ ဖြစ်တယ်လို့ ကိုရီးယားအခြေစိုက်သတင်းရင်းမြစ်အချို့က ဖော်ပြထားခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အချစ်တော်ကစားသမား ဖြစ်ခဲ့တဲ့ ပက်ဂျီဆန်က ယူနိုက်တက်အသင်းမှာ ၇ရာသီကြာ ကစားခဲ့ပြီး ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဆုဖလား ၄ကြိမ်နဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁ကြိမ်ဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ပက်ဂျီဆန်က ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၀၅ပွဲကစားပြီး ၂၇ဂိုး သွင်းယူးပေးနိုင်ခဲ့အပြီးမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ ကျူပီအာ အသင်းကို ၂ရာသီကြာ ပြောင်းရွှေ့ကစားခဲ့ပြီး ပီအက်စ်ဗွီအသင်းကို အငှားနဲ့ ထပ်မံပြောင်းရွှေ့ကာ ၂၀၁၄ခုနှစ်မှာတော့ ဘောလုံးသမားဘဝကနေပါ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပက်ဂျီဆန်က ကိုရီးယားနိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း ၁၀၀ ကစားပေးခဲ့ပြီး ကျူပီအာ လူငယ်အသင်းရဲ့ နည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင် ဖူးခဲ့သလို မွေးရပ်မြေဒေသခံ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျီအွန်ဘက်အသင်းမှာလည်း နည်းစနစ်အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

ဟွန်ဒိုင်းမော်တာ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ရာထူးကို တာဝန်ယူဆောင်ရွက်ခွင့်ရတဲ့ အပေါ် ပက်ဂျီဆန်က“ကျွန်တော်တာဝန်ယူရတဲ့ အပိုင်းက ပိုမိုကြီးမားလာပါပြီ။ ဒါကြောင့်အသင်းကို ပိုမို ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်လာအောင် ပြုလုပ်ပေးသွားမှာပါ” “ကျွန်တော် ဥရောပ ဘောလုံးလောကရဲ့ အငွေ့အသက်တွေကို ဒီလိဂ်အောင်မြင်မှု ရလာစေဖို့ သယ်ဆောင်ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ အရေးကြီးတာက ကစားသမား တွေအနေဖြင့် မိမိကစားပေးနေတဲ့ အသင်းအပေါ် ပိုမို ပရောဖက်ရှင်နယ်ပီသပေးကြဖို့ လိုပါတယ်” “ဥရောပမှာဆို ကစားသမားတွေကို ခေါ်ယူစာချူပ် ချူပ်နိုင်ဖို့ ပိုမိုလွယ်ကူမှုရှိပါတယ်။ ဒါကလည်း အပြောင်းအရွှေ့နဲ့ ပက်သက်တဲ့ လုပ်ငန်း ဆောင်တာပိုင်းမှာ စီမံခန့်ခွဲမှုအား ပိုမိုကောင်းမွန်မှုရှိတာကြောင့် ဖြစ်တယ်” လို့ထုတ်ဖော်ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပက်ဂျီဆန် #ပရီးမီးယားလိဂ်