ရှေ့သို့
Image

ယူနိုက်တက် အသင်းဆီကို မပြောင်းရွှေ့ဖို့ကဂတ်ပိုအား တားမြစ်ပိတ်ပင်ခဲ့တဲ့ နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟား

2:33 PM, 3 September

မန်ချက်စတာယူနိုက်တက်အသင်းက နယ်သာလန်လူမျိုး နည်းပြ အဲရစ်တန်ဟတ်ရဲ့ ကိုင်တွယ်မှု နဲ့အတူ ရာသီအစမှာ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီးနောက် တိုက်စစ်ပိုင်း အားဖြည့်ဖို့ ပြီးခဲ့တဲ့ အပြောင်းရွှေ့ကာလ ပိတ်ဖို့ ၂ပတ်ခန့်အလိုမှာပဲ ခြေလှမ်းခမ်းစိတ်စိတ်လှမ်းကာ ဈေးကွက်အတွင်းမှာ တိုက်စစ်ကစားသမား ၄/၅ ဦးလောက် အထိကို ခေါ်ယူဖို့ချိတ်ဆက်ခဲ့ရာမှာ ပီအက်စ်ဗွီ ညာတောင်ပံတိုက်စစ်ကစားသမား ကိုဒီဂက်ပိုလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းက အေဂျက်စ်ဘယ်တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အန်တိုနီကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၈၂သန်းနဲ့ ကမ်းလှမ်းမှုကို အေဂျက်စ်အသင်းဘက်က ပယ်ချခံခဲ့ရအပြီးမှာ အသက် ၂၃နှစ်အရွယ် ပီအက်စ်ဗွီအသင်းနဲ့အတူ အထူးခြေစွမ်းပြသနေတဲ့ ဂက်ပိုကိုခေါ်ယူဖို့ ပြောင်းလဲပစ်မှတ်ထား ချိန်ရွယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂတ်ပိုအတွက် ပီအက်စ်ဗွီအသင်းဘက်က ပေါင်သန်း ၄၀ တောင်းဆိုခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာ ယူနိုက်တက်အသင်းက နည်းပြ အဲရစ်တန်ဟတ်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အန်တိုနီကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀အထိ ပေးချေ ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာတော့ ဂက်ပိုကို ခေါ်ယူဖို့ ထိရောက်တဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်ဆီ ပြောင်းရွှေ့သင့်လားဆိုတဲ့ အချက်ကို နိုင်ငံအသင်းနည်းပြ လူးဝစ်ဗန်းဟားနဲ့ တိုင်ပင်ဖြစ်ခဲ့ပုံကို ဂတ်ပိုက“ကျွန်တော့ကို ပရီးမီးယားလိဂ် ကလပ်အသင်းအချို့က ကမ်းလှမ်းမှုတွေ ရှိပါတယ်။ အဆိုပါအသင်းတွေဆီကို ပြောင်းရွှေ့ကစားဖြစ်ခဲ့မယ်ဆိုရင် ကစားသမားဘဝကို တစ်ဆင့်မြှင့်တက်လာ နိုင်စေမှာမှန်ပေမဲ့ ဒီနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ရှိနေသးတာ ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲ စဉ်းစားရမှာပါ” “ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားသင့်လားဆိုတဲ့ အချက်ကို လူးဝစ်ဗန်ဟားကိုလည်း မေးမြန်းခဲ့ပြီး သူကလည်း ကိုယ့်ခံစားချက်နောက်ကို လိုက်လို့တော့ရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနီးစပ်နေတဲ့ အချိန်မှာ အသင်းပြောင်းရွှေ့ကစားနေရင် ကစားသမားရဲ့ ယုံကြည်မှုနဲ့ ခြေစွမ်းအပေါ် ထိခိုက်မှု ရှိနိုင်တယ်လို့ ပြန်လည် ဖြေကြားပေးခဲ့ပြီး ကျွန်တော်လည်း သူ့အမြင်ကို နှစ်သက်မှု ရှိပါတယ်” လို့အပြောင်း အရွှေ့ ကာလ ပိတ်သိမ်း ပြီး နောက်မှာ ရှင်းပြ ပြောဆိုသွားခဲ့တာပဲ ဖြစ် ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယ်သာလန် #ဗန်ဟားလ် #ဂတ်ပို #ပရီးမီးယားလိဂ်