ရှေ့သို့
Image

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ယူနိုက်တက်သို့ ပြောင်းရွေ့နိုင်မယ်လို့ ထင်ခဲ့တဲ့ ဂတ်ပို

11:24 AM, 3 September

ဂတ်ပိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ယူနိုက်တက်သို့ ပြောင်းရွေ့နိုင်မယ်လို့ ထင်ခဲ့တာဖြစ်ပြီး အပြောင်းအရွေ့နောက်ဆုံးရက် လုပ်ဆောင်မှုတွေက သူ့အတွက် အရမ်းကို ရှုပ်ထွေးခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ လိဒ်စ်ယူနိုက်တက်နှင့် ဆောက်သမ်တန်တို့ဟာ ပီအက်စ်ဗွီတိုက်စစ်မှုးကို ခေါ်ယူဖို့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ဗစ်တာအော်တာဟာ နယ်သာလန်သို့ သွားရောက်ခဲ့ပြီး အပြောင်းအရွေ့အတွက် ညှိနှိုင်းခဲ့သော်လည်း ကစားသမားကို မခေါ်ယူနိုင်ဘဲ ပြန်လာခဲ့ရတာဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့အတွက် အသက် ၂၃နှစ်အရွယ် ကစားသမားဟာ ပျော်ရွင်မိကြောင်း ပြောဆိုထားပါတယ်။

"ဒါတွေပြီးသွားတဲ့အတွက် ပျော်ရွင်မိပါတယ်။ ကျွန်တော့်အတွက် ဆက်နေရမလား ပြောင်းရမလားဆိုတာက ပထမဆုံးအကြိမ်ဖြစ်တာကြောင့် တော်တော်လေးကို ခက်ခဲခဲ့ပါတယ်" "ပီအက်စ်ဗွီအတွက် အာရုံစိုက်ရမလား အသင်းသစ်အတွက် အာရုံစိုက်ရမလားဆိုတာက ချက်ချင်းပဲ ရှင်းရှင်းလင်းလင်းဖြစ်သွားဖို့ မျှော်လင့်ခဲ့တာပါ။ ဒါက အချိန်တော်တော်ယူခဲ့ရပါတယ်" "ဒီမှာက အိမ်လိုပဲဖြစ်နေပါပြီ။ ကစားဖို့အတွက် အခြားအကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။ ရွေးချယ်မှုအားလုံးကို ကြည့်ရမှာဖြစ်ပြီး ကျွန်တော်က အဲ့ဒီလိုလုပ်ခဲ့ပါတယ်။ ပီအက်စ်ဗွီက အကောင်းဆုံးကမ်းလှမ်းမှုများနဲ့ လာခဲ့တာဖြစ်ပြီး ဒါဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်" လို့ ဂတ်ပိုက ပြောပါတယ်။

အေဂျက်စ်အသင်းက အန်တိုနီကိုခေါ်ယူနိုင်ခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်ဟာ ဂတ်ပိုကို ခေါ်ယူဖို့ ကြိုးစားမှုကနေ နှုတ်ထွက်သွားတာဖြစ်ပါတယ်။ အသင်းပြောင်းဖို့တွေအတွက် ဂတ်ပိုဟာ နယ်သာလန်နည်းပြ ဗန်ဟားထံကနေ အကြံဉာဏ်ယူခဲ့ကြောင်း အတည်ပြုထားပါတယ်လို့ သောကြာနေ့က The Athletic က ဖော်ပြထားပါတယ်။

"ကျွန်တော်ဟာ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားက အဓိကနေရာကနေ ပါဝင်နေပါတယ်။ နောက်ပြီး လက်ရွေးစင်နည်းပြ ဗန်ဟားထံကနေလည်း အကြံဉာဏ်တောင်းခဲ့ပါတယ်"
"ကျွန်တော့်ရဲ့ စိတ်ခံစားချက်အတိုင်းလုပ်သင့်တယ်လို့ သူက ထင်ကြောင်း၊ ကမ္ဘာ့ဖလားကစားမယ့်နှစ်မှာ အသင်းပြောင်းတာကတော့ ကောင်းတဲ့ အကြံဉာဏ်တော့မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ပြောဆိုမှုကို ကျွန်တော်ကလည်း သဘောတူပါတယ်"

"ပြီးခဲ့တဲ့ရက်သတ္တပတ်က ယူနိုက်တက်သို့ ပြောင်းရွေ့မယ်၊ အဲ့ဒီနောက် တစ်ပတ်အတွင်းမှာ အခြားကလပ်တစ်ခုသို့ ပြောင်းမယ်လို့ ထင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက်ရော ပီအက်စ်ဗွီအတွက်ရော မကောင်းပါဘူး။ အရမ်းကို အလျင်လိုနေတယ်လို့ ခံစားမိပါတယ်။ နောက်ဆုံးမှာတော့ ပီအက်စ်ဗွီမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်" "ယူနိုက်တက်ဘက်ကလည်း ငြိမ်နေခဲ့တာဖြစ်ပြီး အဲ့ဒါကြောင့်လည်း စောင့်နေခဲ့တာဖြစ်ပါတယ်။ အခိုက်အတန့်တစ်ခုမှာတော့ ဒါက ပျက်သွားနိုင်တယ်လို့ ထင်မိမှာပါ" လို့ ဂတ်ပိုက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ပီအက်စ်ဗွီ #ဂတ်ပို