ရှေ့သို့
Image

ဟာလန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှုးဖြစ်လာနိုင်ပါတယ်လို့ ပြောလိုက်တဲ့ ကာရေဂါ

11:09 AM, 3 September

ဟာလန်းဟာ ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံးကစားသမားဖြစ်လာနိုင်ပါတယ်လို့ ဂျင်မီကာရေဂါက ပြောဆိုလိုက်ပါတယ်။

နော်ဝေနိုင်ငံသား တိုက်စစ်မှုးဟာ မန်စီးတီးသို့ ဒီနွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွေ့ကြေး ပေါင် ၅၃ သန်းဖြင့် ရောက်ရှိလာတာဖြစ်ပြီး ဟက်ထရစ် နှစ်ကြိမ်ဆက်တိုက်သွင်းယူခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ် ပထမဆုံး ၅ ပွဲမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဟာလန်းဟာ ဂန်းနာတွေ အတွက် ၁၇၅ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတဲ့ အာဆင်နယ် တိုက်စစ်မှုးဟောင်း အွန်နရီရဲ့ ခြေရာကို နင်းနိုင်လိမ့်မယ်လို့ အားကစားဝေဖန်သူ ကာရေဂါက Sky Sports သို့ ပြောပါတယ်။

"မန်းစီးတီးအတွက် ကောင်းမွန်တဲ့ အပြောင်းအရွေ့တစ်ခုဖြစ်ခဲ့တာပါ။ သူတို့အသင်းက တိုက်စစ်ကစားသမား အများစုကို လက်လွှတ်ခဲ့ရသော်လည်း အရည်အချင်းတဲ့ရှိတဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ် နှင့် အံ့ဩဖို့ကောင်းတဲ့ ဟာလန်းတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာပါ"

"လိဂ်မှာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေရှိတယ်ဆိုတာကို ကျွန်တော်တို့က သိပါတယ်။ ပရီးမီးယားလိဂ် ဒါမှမဟုတ် မန်စီးတီးမှာ သူက အကောင်းဆုံးလုပ်နိုင်မယ်လို့ ကျွန်တော်ကတော့ ထင်မိကာ သူ့ရဲ့အကြောင်းကို အွန်နရီနဲ့ယှဉ်ပြီး ပြောရမှာဖြစ်ပါတယ်" "ဒီကောင်းလေးက အကောင်းဆုံးကစားသမားဖြစ်လာနိုင်တာကြောင့် ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သူဟာ အကောင်းဆုံး စတင်နိုင်ခဲ့တာဖြစ်ပြီး ဒီတစ်ပတ်က သူ့ရဲ့ခြေစွမ်းတွေကိုကြည့်ရတာ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်" လို့ ကာရေဂါက ပြောပါတယ်။

ကလော့ပ်ရဲ့အသင်းက ဒဏ်ရာပြဿနာတွေကို ပြေလည်စေဖို့အတွက် အပြောင်းအရွေ့နောက်ဆုံးရက်မှာ လီဗာပူးသို့ အငှားဖြင့် ရောက်ရှိလာတဲ့ ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား အာသာမယ်လိုနဲ့ပတ်သက်ပြီး ကစားသမားဟောင်းဖြစ်သူ ကာရေဂါက ပြောဆိုထားပါတယ်။

"လာမယ့် ၃ နှစ် ၄ နှစ်အတွင်း လီဗာပူးအသင်းလိုအပ်နေတာအတွက် အာသာက အဖြေမဟုတ်ဘူးလို့တော့ ကျွန်တော်ထင်ပါတယ်။ သူတို့တွေက လူငယ်ကစားသမားကို လိုအပ်နေတာပါ။ သို့သော်လည်း အာသာက နေရာတစ်ခုကို ဖြည့်ပေးနိုင်မှာဖြစ်တာကြောင့် လီဗာပူးအသင်းက သူ့ကို နောက်ဆုံးရက်မှာ အငှားဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်" "ပြီးခဲ့တဲ့ ၁၈ လတုန်းက လီဗာပူးအသင်းရဲ့ ဗဟိုခံစစ်မှုးတွေက ဒဏ်ရာတွေ ရရှိခဲ့ပြီး ကစားသမားအသစ်ခေါ်ယူမှုမလုပ်ခဲ့သော်လည်း အငှားနဲ့တော့ ခေါ်ယူခဲ့ပါတယ်"
"လီဗာပူးက ဒီလိုကစားသမားတွေကို မဝယ်ယူခဲ့သော်လည်း နွေရာသီမှာတော့ ကိုနာတေကို ခေါ်ယူခဲ့ပါတယ်။ သူတို့လိုချင်နေတဲ့ ကွင်းလယ်ကစားသမားက လက်ရှိအချိန်မှာတော့ မရရှိနိုင်သေးပါဘူး။ ဒါကြောင့် တစ်ဦးဦးကို အငှားနဲ့ ခေါ်ယူလိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ကာရေဂါက ပြောပါတယ်။

လီဗာပူးဟာ အာသာကို တနင်္ဂနွေနေ့မှာ ကစားမယ့် မာဆေးဆိုက်ဒါဘီအဖြစ် အဲဗာတန်နှင့်ပွဲအမီ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၂၆နှစ်အရွယ် ကစားသမားကို ပေါင် ၃၂ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့်ပါ ပါရှိနေတာဖြစ်ပါတယ်။

#မန်စီးတီး #ဟာလန်း #ဂွါဒီယိုလာ #ကာရေဂါ #ပရီးမီးယားလိဂ်