ရှေ့သို့
Image

ချဲလ်ဆီး ၊ အာဆင်နယ်တို့က အပြောင်းအရွှေ့ အကြောင်း ပြောနေကြပေမယ့် အနာဂတ် အကြောင်း ပြောလာတဲ့ ဇာဟာ

1:28 PM, 1 September

ခရစ်စတယ် ပဲလေ့စ် ကစားသမား အိုင်ဗရီကိုစ့်သား ဇာဟာဟာ ပရီးမီးယားလိဂ် ရာသီ အစမှာ အသင်းနဲ့အတူ အကောင်းဆုံး ကစားထားနိုင်ပြီး ဘရန့်ဖို့ နဲ့ ၁-၁ သရေ ရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး အပါအဝင် အသင်း အတွက် ဒီရာသီ ၄ ဂိုးအထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဇာဟာကို အကြိမ်များစွာ ခေါ်ယူဖို့ ချည်းကပ်ကမ်းလှမ်းခဲ့ဖူးပြီး နည်ပြ အမ်မရီ လက်ထက်မှာ အသင်းထံ ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့ပါဘူး။


အမ်မရီဟာ ပဲလေ့စ် အသင်းကို အာဆင်နယ် အိမ်ကွင်းမှာ လက်ခံ ကစားရချိန်မှာ ဇာဟာရဲ့ တစ်ကိုယ်တော်လအစွမ်းကို သဘောကျခဲ့လို့ အသင်းထံ ခေါ်ယူချင်ခဲ့ပေမယ့် အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ ဇာသာအစား ပေါင် ၇၂ သန်းနဲ့ ပီပီကို ခေါ်ယူခဲ့ပါတယ်။ ဇာဟာတို့ အိုင်ဗရီကိုစ့်သား ပီပီကတော့ အာဆင်နယ်အသင်းမှာ ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလမှာ ရုန်းကန်ခဲ့ရပြီးတော့ ပြီးခဲ့တဲ့ အပတ်ကပဲ နိုက်စ် အသင်းထံ အငှားနဲ့ ပြန်လည် ပြောင်းရွေ့သွားခဲ့ပါတယ်။ 


ပီပီရဲ့ ထွက်ခွာမှုကြောင့် အာဆင်နယ်အသင်းဟာ တောင်ပံအတွက် ကစားသမားသစ် ရှာဖွေလာပြီး ပက်ဒရို နက်တိုကို ခေါ်ယူနိုင်ဖို့ မသေချာတော့တဲ့ အချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ ပစ်မှတ်အနေနဲ့ ဇာဟာကို ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ ချဲလ်ဆီးဟာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ တိုက်စစ်ပိုင်း အတွက် ဇီယက်နဲ့ ပူလီဆစ်တို့ကို အသုံးပြုခဲ့ပြီး ကောင်းစွာ ခြေစွမ်းမပြနိုင်လို့ အသင်းတိုက်စစ်အတွက် ကစားသမား ဖြည့်တင်းချင်နေတာပါ။


ဘရန့်ဖို့နဲ့ ပွဲအပြီးမှာတော့ ဇာဟာက "အသင်းမှာဆက်ပြီး အာရုံစိုက်ဖို့ အရမ်းကြီး ခက်ခဲတယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော် ပဲလေ့စ် အသင်း အတွက်ပဲ ပွဲတိုင်း အာရုံစိုက်ထားပါတယ်။ ကျွန်တော့် လေ့ကျင့်ရေးကို ကောင်းကောင်းလုပ်တယ်။ ပျော်ပျော်ရွှင်ရွှင် အာရုံစိုက် ကစားပါတယ်။ ""ဒီမှာက အားလုံးက နားလည်မှုရှိကြတယ်။ အထူးသဖြင့် ကျွန်တော့်ကိုပေါ့။ ခံစားရတာက မိသားစုလိုပါပဲ။ ရှင်းပြခက်ပေမယ့် ကျွန်တော့်တို့ က နားလည်မှု ရှိပါတယ်။"ဇာဟာက ဆိုပါတယ်။ ဘရန့်ဖို့နဲ့ ပွဲမှာလည်း ဇာဟာရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ဦးဆောင်ဂိုး ရယူထားနိုင်ခဲ့ပေမယ့် ဘရန့်ဖို့ရဲ့ နောက်ကျချေပဂိုးနဲ့ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ 


"ကျွန်တော် ပြောစရာစကားတောင် မရှိပါဘူး။ ကျွန်တော်တို့ အားလုံးကြိုးစား ခဲ့ကြပါတယ်။ ကျွန်တော်တို့ ဦးဆောင်ဂိုးရပြီး ရထားတဲ့ ဂိုးကို ကာကွယ်ဖို့ ကြိုးစားကြပါတယ်။ ဘာလို့ အဲ့လို လုပ်တာလဲဆိုတာ နားမလည်ပါဘူး ။ ကျွန်တော်တို့ ဆက်လက် ဖိအားပေးပြီး ကစားလို့ ရပါတယ်။ နောက်တဂိုး မရလျှင်တောင် ဒီရလဒ်နဲ့ပြီးသွားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြဿနာက ပွဲပြီးခါနီးအချိန်မှာ ဂိုးပြန်ပေးရတာပါ။ အဲ့ဒီမိနစ်က ကျွန်တော်တို့ တသင်းလုံးရဲ့ စွမ်းဆောင်ရည်ကို ဆွဲချသွားပါတယ်။ ဒီနေ့က ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် မဟုတ်ပေမယ့် အနိုင် ၃ မှတ် ရသင့်ပါတယ်။"လို့ ဇာဟာက ဆိုပါတယ်။ 

#ဇာဟာ #ချဲလ်ဆီး #အာဆင်နယ် #ပရီးမီးယားလိဂ်