ရှေ့သို့
Image

နည်းပြ ရန်းနစ်နဲ့ တွေ့ဆုံချိန်မှာ မက်ဂွါရီကို ပွဲထွက်လကစားသမားလအဖြစ်က ချန်လှပ်ဖို့ ရော်နယ်ဒို ပြောခဲ့

11:29 AM, 1 September

မနှစ်က ယူနိုက်တက် အသင်း နည်းပြ ရန်းနစ် တာဝန် ယူနေစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုက အသင်း ခေါင်းဆောင် မက်ဂွါရီကို ပွဲထွက် ကစားသမား အဖြစ်မှ ချန်လှပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အသင်းရဲ့ အဆိုးရွားဆုံး ရာသီဖြစ်ခဲ့ပြီး တစ်ရာသီရမှတ် ၅၈ မှတ်သာ ရခဲ့ကာ အဆင့် ၆ နဲ့ ရာသီသိမ်းခဲ့ရပါတယ်။


ရော်နယ်ဒိုကတော့ နည်းပြ ဆိုးလ်ရှား လက်ထက် မနှစ်က ဩဂုတ်လ နှောင်းပိုင်းမှာ အသင်းကို ပြောင်းရွေ့လာခဲ့ပါတယ်။ ထို့အတူ ရှေ့နှစ်က အဆင့် ၂ နဲ့ ရာသီသိမ်းခဲ့တဲ့ ဆိုးလ်ရှားအတွက် ရော်နယ်ဒိုကို ခေါ်ယူလိုက်တာဟာ အသင်းရဲ့ လိုအပ်ချက်ကွက်လပ်တစ်ခုကို ဖြည့်တင်းလိုက်တာပဲ လို့ ယူဆထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆိုလ်းရှားဟာ အသင်းမှာ ရော်နယ်ဒိုကို ၁၃ ပွဲသာ ကစားဖို့ အသုံးပြုခွင့် ရခဲ့ပြီး အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ 


ဆိုလ်းရှား အသင်းက ထွက်ခွာခဲ့ပြီး နောက် ယူနိုက်တက် အသင်းဟာ ရက်ဖ် ရန်းနစ်ကို ယာယီ နည်းပြ အဖြစ် ခန့်အပ် ခဲ့ပါတယ်။ ဂျာမန်သား ရန်းနစ်ကတော့ ယူနိုက်တက် ကစားဟန်ကို ပြောင်းဖို့ စိတ်ကူးရှိခဲ့ပြီး တန်ပြန် တိုက်စစ် ကစားတတ်တဲ့ ယူနိုက်တက်ရဲ့ ကစားဟန်ကို ဖိအားပေးတိုက်စစ် ဆင်တဲ့ ကစားဟန် ပြောင်းလဲဖို့ စီစဉ်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ နည်းပြ ရန်းနစ်ရဲ့ စနစ်မှာ အံဝင်အောင် မကစားနိုင်ခဲ့ပဲ ရန်းနစ် ကိုယ်တိုင်ကလည်း ရော်နယ်ဒိုကို ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာ ရောင်းထုတ် ချင်ခဲ့တာပါ။ 


ဒါကြောင့် ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ မပျော်မရွှင် ဖြစ်လာပြီး အသင်းရဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ ရာဖေးဗာရာနီ ၊ ပေါလ် ပေါ့ဘာ တို့နဲ့ အတူ နည်းပြ ရန်းနစ်နဲ့ အစည်းအဝေး ပြုလုပ်ခဲ့ရာမှာ ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း ထိုအစည်းအဝေးမှာ အသင်း ခေါင်းဆောင် ဖြစ်တဲ့ မက်ဂွါရီ မပါဝင်ခဲ့ဘူးလို့ The Athletic အဆိုအရ သိရပါတယ်။ ထိုအခွင့်အရေးကို အသုံးပြုပြီး ရော်နယ်ဒိုဟာ မက်ဂွါရီကို အသင်းရဲ့ ပွဲထွက် ကစားသမား အဖြစ်ကနေ ချန်လှပ်ထားခဲ့ဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ 


မက်ဂွါရီဟာ မနှစ်က အသင်း နောက်တန်းမှာ ခြေစွမ်းပိုင်းနဲ့ ပတ်သက်လို့ ဝေဖန် ပြစ်တင်ခံရမှု များပေမယ့် နည်းပြ ဆိုးလ်ရှားနဲ့ ရန်းနစ် နစ်ယောက် စလုံးက မက်ဂွါရီရဲ့  အသင်း အပေါ် ခေါင်းဆောင်မှုကို ယုံကြည်ခြင်း ခံထားခဲ့ ရပါတယ်။ 


နည်းပြသစ် တန်ဟတ်ကတော့ မက်ဂွါရီကို အသင်း ခေါင်းဆောင် အဖြစ် ထားရှိဖို့ ကိစ္စမှာ အကြပ် ရိုက်နေပြီး ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ လီဗာပူးတို့ကို ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲတွေမှာ အသင်းရဲ့ ပွဲထွက် ကစားသမား အဖြစ် အသုံးပြုခြင်း မရှိခဲ့ပါဘူး။ ထိုနှစ်ပွဲမှာ ယူနိုက်တက်ဟာ ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရပြီး နှစ်ပွဲလုံး နိုင်ပွဲ ရရှိခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ် #တန်ဟတ် #ပရီးမီးယားလိဂ်