ရှေ့သို့
Image

အပြီးသတ် ပါဝင်တဲ့ တစ်ရာသီ အငှားနဲ့ ဆောက်သမ်တန်ကို ပြောင်းတော့မယ့် မစ်လန်းနိုင်းစ်

11:12 AM, 1 September

ဆောက်သမ်တန် အသင်းဟာ အာဆင်နယ် စတား မစ်လန်းနိုင်းစ်ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဆောက်သမ်တန်ကို အပြီးသတ် ပါဝင်တဲ့ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။


အာဆင်နယ် အကယ်ဒမီထွက် ကစားသမားဟာ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စိန့်တို့ကတော့ လီဗရာမန်တို ဒဏ်ရာရရှိနေတဲ့ အနေအထားမှာ အရန်အဖြစ် မစ်လန်းနိုင်းစ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။


မစ်လန်းနိုင်းစ်ဟာ ရိုးမားရဲ့မော်ရင်ဟို အသင်းထံ ပြီးခဲ့တဲ့ ဒုတိယ ရာသီဝက်တုန်းက အငှားထွက် ကစားခဲ့သေးတာ ဖြစ်ပါတယ်။ ဆောက်သမ်တန်ကတော့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အလုပ်များ နေပါတယ်။ မန်စီးတီးစတား ၂ ဦးဖြစ်တဲ့ အီဒိုဇီ နဲ့ လာရီအော့စ်တို့ကိုလည်း ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။


ပီအက်စ်ဗွီ တောင်ပံ ကစားသမား ဂတ်ပိုကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ၂ ကြိမ် ပယ်ချခံ ထားရပါတယ်။ အသက် ၂၃ နှစ်သား လိဒ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ရိုမီယူကလည်း အပြောင်းအရွှေ့ မပိတ်ခင် ထွက်ခွာဖွယ် ရှိနေပြီး ဂီရိုနာ အသင်းက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အသက် ၁၈ နှစ်သား လီဗာယာ တစ်ယောက် ချဲလ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ရိုမီယူ တစ်ယောက် ဆက်နေဖွယ်ရှိနေပါတယ်။

#ဆောက်သမ်တန် #အပြောင်းအရွှေ့ #မစ်လန်းနိုင်းစ် #ပရီးမီးယားလိဂ်