ရှေ့သို့
Image

ပီအက်စ်ဗွီစတား ဂတ်ပိုကို ခေါ်ယူဖို့ အရှိန်မြင့် လုပ်ဆောင်လာတဲ့ ဆောက်သမ်တန်

11:33 AM, 31 August

ယူနိုက်တက်ဟာ နယ်သာလန်သားကို ခေါ်ယူဖို့ အတွက် မရှိတော့တာကြောင့် ဆောက်သမ်တန်ဟာ ပီအက်စ်ဗွီ စတား ဂတ်ပိုကို ခေါ်ယူဖို့အတွက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဂတ်ပိုဟာ နွေရာသီ တစ်ခုလုံး ယူနိုက်တက်နှင့် ဆက်သွယ်မှု ရှိခဲ့တာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်သို့ ပြောင်းရွေ့ဖို့ ရှိတယ်လို့ ပြောလို့ရနေတာ ဖြစ်ပါတယ်။


သို့သော်လည်း ယူနိုက်တက်ဟာ အေဂျက်စ်က အန်တိုနီကို ပေါင် ၈၄ သန်းဖြင့် ခေါ်ယူလိုက်တာကြောင့် ဂတ်ပိုကို ခေါ်ယူဖို့ မရှိတော့တာ ဖြစ်ပါတယ်လို့ Sportsmail က ဖော်ပြထားကာ အခြားပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဆောက်သမ်တန်၊ အဲဗာတန်၊ ဖူလ်ဟမ်၊ လိဒ်စ်၊ နော်တင်ဟမ်ဖောရက်စ်နှင့် အာဆင်နယ်တို့ အားလုံးက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။


ဂတ်ပိုဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်း ပြသခဲ့တာ ဖြစ်ပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိရာသီရဲ့ ၄ ပွဲမှာလည်း ၃ ဂိုးသွင်းယူနိုင်ပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးသော်လည်း နယ်သာလန် နိုင်ငံသားဟာ ပီအက်စ်ဗွီ အတွက် ၁၄၆ ပွဲကစားထားပြီး ၄၃ ဂိုးအထိ သွင်းယူထား နိုင်ပါတယ်။ ဆောက်သမ်တန်ရဲ့ ပေါင် ၂၁.၄ သန်းဖြင့် ကမ်းလှမ်းမှုကို ပီအက်စ်ဗွီက ပယ်ချထားတာ ဖြစ်သော်လည်း သူတော်စင်တွေကတော့ ဒီနွေရာသီမှာ ငွေကြေးများစွာ အသုံးပြုပြီး ခေါ်ယူဖို့ ရှိနေသေးတာ ဖြစ်ပါတယ်လို့ The Telegraph က ဖော်ပြထားပါတယ်။


လက်ရှိရာသီမှာ ဆောက်သမ်တန်ရဲ့ ရလဒ်တွေက အတက်အကျ ရှိနေတာ ဖြစ်ပြီး အင်္ဂါနေ့မှာ ချဲလ်ဆီးနှင့် ကစားရမှာဖြစ်ပါတယ်။ သူတို့ အသင်းဟာ ကစားသမား ခေါ်ယူမှု ၅ ခု ပြုလုပ်ထားသော်လည်း နောက်အကျဆုံး အဖြစ် ဂတ်ပိုကို ခေါ်ယူဖို့ အလားအလာ ရှိနေတာ ဖြစ်ပါတယ်။ နည်းပြ ဟက်ဆန်ဟက်တယ်ကတော့ အသင်းကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး အဲဗာတန်၊ ဖူလ်ဟမ်၊ လိဒ်စ်နှင့် နော်တင်ဟမ်ဖောရက်စ်ကိုကလည်း ဂတ်ပိုကို ခေါ်ယူလိုနေကြတာ ဖြစ်ပါတယ်။


သူ့ရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး ပီအက်စ်ဗွီ အကယ်ဒမီထွက် ဂတ်ပိုက "အန်တိုနီ အတွက် ပျော်ရွင်မိပါတယ်။ ကျွန်တော့် အတွက် အနာဂတ်က ဘာမှလွှမ်းမိုးမှု မရှိပါဘူးလို့ ထင်မိပါတယ်" "ဒါတွေက ပဟေဠိတစ်ခုလိုပါပဲ ဒါကြောင့် ရက်အနည်းငယ် အတွင်းမှာ ဘယ်ပဟေဠိနဲ့ သင့်လျော်ဆုံး ဖြစ်မလဲ ဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အတွက်ကတော့ ပီအက်စ်ဗွီမှာ ဆက်နေရလည်း မဆိုးပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်" လို့ ဂတ်ပိုက ပြောပါတယ်။

#ဆောက်သမ်တန် #ဟက်ဆန်ဟက်တယ် #ဂတ်ပို #ပရီးမီးယားလိဂ်