ရှေ့သို့
Image

ပေါင် ၅၇ သန်းတန် လီဆန်ဒရို မာတီနက်ဇ်က အင်္ဂလန်မြေမှာ မအောင်မြင်နိုင်ဘူးလို့ ဆိုလိုက်တဲ့ ဆောင်းနက်စ်

3:56 PM, 30 August

အခု နွေရာသီ အပြောင်းအရွှေ့မှာ အိုးထရက်ဖို့ဒ် ကလပ်ဆီ ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းနဲ့ ရောက်ရှိလာတဲ့ ဗဟို နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ အိုးထရက်ဖို့ဒ် ကလပ်မှာ ကျရှုံးမှာ ဖြစ်ပြီး ထူးထူးခြားခြား ကောင်းမွန်နေတာမျိုး မရှိဘူးလို့ နယူးကာဆယ် နည်းပြဟောင်း ဆောင်းနက်စ်က သုံးသပ်လိုက်ပါတယ်။ မာတီနက်ဇ်က ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် နှစ်ပွဲကို ပါဝင်ကစားခဲ့ပြီး ပေးဂိုး ခြောက်ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

 

နောက်ပိုင်းမှာတော့ နည်းပြ တန်ဟက်က မာတီနက်ရဲ့ တွဲဖက် ခံစစ်မှူး နေရာမှာ မက်ဂွါရီ အစား ဗာရန်းကို အစားထိုး အသုံးပြုခဲ့ပြီးနောက် မာတီနက်ဇ်က ပုံစံကောင်းတွေ ပြန်လည် ပြသလာကာ လီဗာပူး၊ ဆောက်သမ်တန်တို့ကို နှစ်ပွဲဆက် အနိုင်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်တန်းနဲ့ အတူ ပေးဂိုး တစ်ဂိုးသာ ခွင့်ပြုပေးရတဲ့ အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

 

ကံကြမ္မာ အလှည့်အပြောင်းတွေ ရှိနေပေမယ့် ဂရေမီဆောင်းနက်စ်က မာတီနက်ဇ်ဟာ လာမယ့် ပွဲစဉ်တွေမှာ ရုပ်ပိုင်းဆိုင်ရာ ပိုမို ကောင်းမွန်တဲ့ တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင်ရချိန် နောက်ထပ် ပြဿနာသစ်တွေ ရင်ဆိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။“သီတင်းပတ်ကုန်က ပွဲစဉ်ကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပါတယ်။ ဆောက်သမ်တန်က မာတီနက်ဇ်ကို ဖိအားပေးဖို့ ချီအဒမ်စ်ကို ရွေးချယ် တာဝန်ပေးခဲ့ပြီး ဆောက်သမ်တန် ဂိုးသမားနဲ့ အခြား ကစားသမားတွေကလည်း မာတီနက်ဇ်ရှိတဲ့ ဘယ်ဘက်ခြမ်းကို အမြင့်ဘောနဲ့ ဖိအားပေး ကစားဖို့ ကြိုးစားခဲ့ကြပါတယ်။

 

သူ့မှာ အမြင့်ဘောနဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေရှိပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာပဲ ဖြစ်ဖြစ်၊ အရင် ပထမတန်း(First Division)မှာပဲ ဖြစ်ဖြစ် ဒီလို ခန္ဓာကိုယ် အရွယ်အစားနဲ့ အောင်မြင်မှု ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်လောက်ကို ကျွန်တော့် စိတ်ထဲမှာ ပြန်တွေးကြည့်မိပါတယ်။ သူ့အနေနဲ့ ပြင်းပြင်းထန်ထန် စမ်းသပ်ခံရဦးမှာ ဖြစ်သလို ရှေ့ဆက် သိသာလာလိမ့်မယ်လို့ ကျွန်တော် ယူဆမိတယ်။ မာတီနက်ဇ်အနေနဲ့ ဟာလန်း၊ နူနက်ဇ် သို့မဟုတ် မီထရိုဗစ်တို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ရရင် ကွာဟချက်တွေ ရှိလာမှာပါ”လို့ ဆောင်းနက်စ်က talkSPORT သတင်းဌာနနဲ့တွေ့ဆုံချိန် ပြောဆိုလိုက်ပါတယ်။

 

ဆောင်းနက်စ်က အသက်-၂၄ နှစ်အရွယ် ခံစစ်မှူး ရောက်ရှိလာချိန်က စလို့ သူမြင်တွေ့ခဲ့ရတဲ့ အဓိကကျတဲ့ အရာတွေ အပေါ် ဆက်လက် ရှင်းပြ ပြောဆိုခဲ့ပါတယ်။ “မာတီနက်ဇ်က ဘာမှ ထူးထူးခြားခြား ကောင်းမွန်နေတာမျိုး မဟုတ်ပါဘူး။ တက်တက်ကြွကြွနဲ့ အားမာန်အပြည့် ကစားတက်သူပါ။ သူနဲ့ပတ်သက်လို့ ကျွန်တော် မကြိုက်တဲ့ အခြား အချက် တစ်ခုက သူက အရမ်းကို တက်ကြွပြီး အသင့်ဖြစ်လွန်းနေတာပဲ။ ဒါက နောက်ခံ လူတစ်ဦး အတွက် ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုတော့ မဟုတ်ဘူး။

 

လိမ္မာပါးနပ်တဲ့ ခံစစ်မှူးတွေက ပွဲရဲ့ အခြေအနေကို လေ့လာပြီး စောင့်ဆိုင်း ကစားစေလေ့ ရှိပါတယ်။ တစ်ချိန်လုံး တက်ကြွနေတယ်ဆိုရင်တော့ မင်းက ပွဲကို မဖတ်တက်သေးဘူး ဆိုတာကို ပြသနေတာပါပဲ။ ဒါပေမယ့် မာတီနက်ဇ်ရဲ့ ခန္ဓာကိုယ် အရွယ်အစား အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင် ပရီးမီးယာလိဂ်မှာ သူ့ကို သေချာပေါက် ဦးတည် ဖိအားပေး ကစားပါလိမ့်မယ်”လို့ ဆောင်းနက်စ်က သုံးသပ်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာတီနက်ဇ် #ဆောင်းနက်စ် #ပရီးမီးယားလိဂ်