ရှေ့သို့
Image

အဲဗာတန် အတွက် ကစားဖို့ငြင်းဆန်ခဲ့ရင် ဘာဖြစ်မလဲဆိုတာကို ဂေါ်ဒွန်အား သတိပေးလိုက်တဲ့ လမ်းပတ်

3:19 PM, 30 August

အဲဗာတန်အသင်း နည်းပြ လမ်းပတ်က ဂေါ်ဒွန်အနေနဲ့ အသင်းအတွက် ကစားပေးဖို့ ငြင်းဆန်မယ်ဆိုရင် မတူညီတဲ့သူအဖြစ် မိမိကိုမြင်တွေ့ရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။


ချဲလ်ဆီးအသင်းဟာ အသက် ၂၁ နှစ်သားကို အပြောင်းအရွှေ့မပိတ်ခင်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လက်စတာနောက်ခံလူ ဖိုဖာနာကို ခေါ်ယူနိုင်ခဲ့သလို ချဲလ်ဆီးပစ်မှတ် ဝုဗ်စတား ဘိုလေကလည်း နယူးကာဆယ်နဲ့ပွဲကို ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။ 


ဒါပေမယ့် လမ်းပတ်ကတော့ ဂေါ်ဒွန်တစ်ယောက် ဒီလိုအခြေအနေမျိုးလုပ်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အန်တိုနီအနေနဲ့ ဒီလိုမျိုးလုပ်မယ်လို့ မထင်ပါဘူး။ တကယ်လို့ သူ့အနေနဲ့ ဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့မတူညီတဲ့ပုံစံကိုမြင်ရပါလိမ့်မယ်။ ကျွန်တော် ခက်ထန်တဲ့ပုံစံကို မပြချင်ပါဘူး။ သူ့အနေနဲ့လည်း ဒီလိုမျိုးလုပ်လိမ့်မယ်လို့ မထင်ပါဘူး။ တစ်ချိန်တည်းမှာပဲ သူက စက်ရုပ်မဟုတ်ပါဘူး။ ကျွန်တော် နားလည်ပါတယ်။ သူက အလုပ်ကြိုးစားပြီး အကောင်းဆုံးပဲ အလိုရှိနေတာပါ။ စနေနေ့မှာဆိုရင်လည်း သူအကောင်းဆုံး လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ မှန်ပါတယ်။ ကျွန်တော်ဆိုရင် ဝက်စ်ဟမ်းအတွက် ၃ နှစ်ခွဲကစားပေးခဲ့ပါတယ်။ အန်တိုနီအတွက် ကျွန်တော့်အဖြေပါ။ သူက ကျွန်တော်တို့အတွက် ကစားပေးပါလိမ့်မယ်။ လာမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲမှာလည်း ဂေါ်ဒွန်တစ်ယောက် ပါဝင်လာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် မူပေးတစ်ယောက်လည်း အဲဗာတန်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။


တွမ်ဒေးဗီးစ် ၊ ကယ်လ်ဗက်လီဝင် နဲ့ ဒူကိုရေးတို့လည်း လိဒ်ယူနိုက်တက်နဲ့ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။

#အဲဗာတန် #လမ်းပတ် #ဂေါ်ဒွန် #ပရီးမီးယားလိဂ်