ရှေ့သို့
Image

ယူနိုက်တက် အကယ်ဒမီစတားတစ်ဦးအား အငှားခေါ်ယူပြီး လူမှုကွန်ယက်စာမျက်နှာတွေ အထက်မှာ ပွဲဆူစေခဲ့တဲ့ ဘာမင်ဂမ်

2:13 PM, 30 August

ချန်ပီယံရှစ်မှာ ပုံစံကောင်းပြသနိုင်ဖို့ရန်အတွက် ပြင်ဆင်နေတဲ့ ဘာမင်ဂမ်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီမှ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဟန်နီဘယ်မက်ဂျ်ဘရီကို အငှားနဲ့ ခေါ်ယူစာချူပ် ချူပ်ဆိုပြီးနောက် တရားဝင်ကြေညာမှု ပြုလုပ်ခဲ့ရမှာ ပရိသတ်တွေအကြား လူပြောများ စနောက်စရာ ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။


ဘာမင်ဂမ်အသင်းက ဟန်နီဘယ်လ်ကို ယူနိုက်တက်အသင်းဆီကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ပြီးနောက် တရားဝင်ကြေငြာမှု ပြလုပ်ရာမှာ ၁၉၉၁ ခုနှစ် ထုတ်ဝေခဲ့ပြီး နာမည်ကျော် လူကြိုက်များခဲ့တဲ့ Silence of the lamps ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုအတွင်းမှာ ယူနိုက်တက်အကယ်ဒမီစတားရဲ့ ပုံကို ထည့်သွင်းကာ လူမှု ကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Twitter မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။


ဘာမင်ဂမ်အသင်းရဲ့ ဟန်နီဘယ်လ်ကိုခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ကြေငြာမှုအပေါ် ဘောလုံးပရိသတ်အချို့က “ဟန်နီဘယ်ဆီက လက်မှတ်ရဖို့အတွက် အကျဉ်းထောင်ရှေ့ကနေ သွားစောင့် နေရမယ့် သဘောပဲ” “သူ ဘာလို့ ထောင်ထဲ ရောက်နေတာလဲ?”“ရောက်ရောက်ချင်း ထောင်ချ ခံလိုက်ရပြီ ထင်ပါတယ်” “ဘယ်လို ဆန်းပြားတဲ့ ကြေငြာမှုကြီးလဲကွာ။ သူ ဒါ့အရင်က ထောင်ထဲမှာ နေခဲ့ဖူးတာလားလို့ပါ တွေးမိသွားတယ်”“ဒီဗွီဒီယိုဖိုင်ကို လုပ်ဖို့ ဘယ်သူ စိတ်ကူးမိခဲ့တာလည်း မသိဘူး။ သောက်ရမ်း ချီးကျူးခန်းဖွင့်ပေးဖို့ ကောင်းတယ်” “ဘောလုံး သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမားသစ် ကြေညာမှု ပါပဲ” လို့ အမျိုးမျိုးမှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဘာမင်ဂမ် #ပရီးမီးယားလိဂ်