ရှေ့သို့
Image

စိန့်မေရီကွင်းမှာ ဖာဂူဆန်နှင့် တွေ့ခဲ့တဲ့ အေမီယာခမ်း

2:02 PM, 28 August

ယူနိုက်တက်ရဲ့ ဂန္တဝင် ဆာအဲလက်စ်ဖာဂူဆန်ကို ဘောလုံး လောကရဲ့ အကြီးကျယ် အခမ်းနားဆုံး နည်းပြကြီး တစ်ဦး ဖြစ်တယ်လို့ အားလုံးက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ပရီးမီးယားလိဂ် ဆုဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ် ဆုဖလား ၂ ကြိမ် ရရှိထားတဲ့ နည်းပြကြီးရဲ့ အကြောင်းကိုတော့ ဘောက်ဆင်အကျော်အမော် အေမီယာခမ်း တစ်ယောက်ကတော့ ကောင်းကောင်း မသိနေတာဖြစ်ပါတယ်။


သူတို့နှစ်ဦးဟာ တန်ဟက်ရဲ့ အသင်းနှင့် ဆောက်သမ်တန်တို့ မကစားမီ စိန်မေ့ရီကွင်းကြီးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ခမ်းကလည်း အခြားပရီးမီးယားလိဂ် ပရိသတ်တွေပြုလုပ်သလို ဖာဂူဆန်နှင့် ဓာတ်ပုံတွဲရိုက်ိဖု့အတွက် တောင်းဆိုခဲ့ပါတယ်။ ခမ်း ဒါမှမဟုတ် သူတို့ရဲ့တွစ်တာကို တာဝန်ယူကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဖာဂူဆန်က ဘယ်လောက်အထိ ကျော်ကြားသလဲဆိုတာကို ကောင်းမသိနေတာဖြစ်ပါတယ်။


အသက် ၈၀ အရွယ် ဂန္တဝင်နည်းပြကြီနှင့် တွဲရိုက်ထားတဲ့ ဗီဒီယိုကို ခမ်းက "အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ဆာအဲလက်စ်ဖာဂူဆန်နဲ့ တွေ့ရတာ ပျော်ဖို့ကောင်းပါတယ်" "၁၉၈၆ ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ ယူနိုက်တက်ကို တာဝန်ယူခဲ့တာ လူသိများပါတယ်။ သူ့ကို အားလုံးက ကြီးကျယ်ခမ်းနားဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်" လို့ ပြောထားပါတယ်။


အဲ့ဒီစာသားတွေက လူသိများပါတယ် ဆိုတဲ့စကားဟာ ဖာဂူဆန်ရဲ့ ဝီကီပီးဒီးယား စာမျက်နှာက စကားလုံနဲ့ တစ်ထေရာတည်း တူနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါပို့စ်ဟာ ဝီကီပီးဒီးယားစာမျက်နှာကနေ မြန်မြန်ဆန်ဆန်ပဲ ကူးချခဲ့တယ်ဆိုတာ သိသာနေပါတယ်။ ခမ်းရဲ့ တွစ်တာ စာမျက်နှာကို အခြားသူ တစ်ဦးက ကိုင်တွယ် ထိန်းချုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။


ဒါကြောင့် ဆိုရှယ်မီဒီယာ အကောင့်တွေကို ပီအာအေဂျင်စီများနှင့် မီဒီယာ ပရော်ဖက်ရှင်နယ်တွေကို ကိုင်တွယ်ခွင့် ပေးထားခြင်းကို ယူနိုက်တက် ကစားသမားတွေက ထပ်တလဲလဲ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံး အပေါ်  အားပေးမှုက ဇာတိမြေက ကလပ်ဖြစ်တဲ့ ဘော်တွန်ဝန်ဒါရာမှာပဲ ရှိခဲ့တယ်လို့ ခမ်းက အရင်က ပြောခဲ့ဖူးပါတယ်။


သို့သော်လည်း ယူနိုက်တက်ရဲ့ အင်္ကျီကို ဝတ်ဆင်ပြီး ဓာတ်ပုံ ရိုက်ခဲ့တာကိုလည်း တွေ့မြင့်ခဲ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် အက်ဖ်အေဖလား ပွဲစဉ်မှာတုန်းက သူဟာ ယူနိုက်တက်ရဲ့ အင်္ကျီကို ဝတ်ဆင်ပြီး အိုးထရက်ဖို့ဒ်သို့ သွားရောက် အားပေး ခဲ့ဖူးပါတယ်။ ဒီလို အရှက်ရဖွယ် အခြေအနေမှာ တစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဝီကီပီးဒီးယားက ဖာဂူဆန်ရဲ့ ကိုယ်ရေး အကြောင်းအရာကိုလည်း ဘယ်သူမှ ပြောင်းမှာမဟုတ်ပါဘူး။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #တန်ဟတ် #ပရီးမီးယားလိဂ်