ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ ဂိုးပေါက် ကာကွယ်မှု ၁၉ကြိမ်အထိ စံချိန်တင်အောင် ပြုလုပ်နိုင်ခဲ့တဲ့ ဆွန်မာ

10:45 AM, 28 August

ဂလာဘတ် ဂိုးသမား ယန်းဆွန်မာဟာ ယမန်နေ့ည ဘိုင်ယန်မြူးနစ်နဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် ဂိုးပေါက် ကာကွယ်မှု ၁၉ကြိမ်အထိ စံချိန်တင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ဖလားကို ၁၁ကြိမ်ဆက် ဆွတ်ခူးဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်ဟာ ယမန်နေ့ည ပွဲစဉ်အတွင်း ပြိုင်ဘက် အသင်းရဲ့ ထိုးနှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


ဂဘာဘတ် အသင်းက မားကပ်စ် သူရမ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ဘိုင်ယန်တို့ ချေပဂိုး ရရေး အသည်းအသန် ကြိုးစားခဲ့ရပြီး ၈၃မိနစ်ရောက်မှ ဆာနေးက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်တို့ ၁ပွဲလုံးကို စိုးမိုးကာ ယှဉ်ပြိုင်ခဲ့ပေမဲ့ ဝါရင့် ဂိုးသမား ဆွန်မာကိုတော့ ကျော်ဖြတ်နိုင်ဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။


ဆွန်မာဟာ ဘိုင်ယန်မြူးနစ်ရဲ့ အဝေး ကန်ချက်ရော၊ အနီးကပ် ကန်ချက်တွေကိုပါ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဆွန်မာဟာ အဆိုပါ ပွဲစဉ်အတွင်း ဂိုးပေါက်ကာကွယ်မှု ၁၉ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ် အစောပိုင်းက ရှဝိုလို တင်ရှိထားတဲ့ ကာကွယ်မှု ၁၄ကြိမ်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။


ဆွန်မာရဲ့ ကာကွယ်မှု ၁၁ကြိမ်က ဧရိယာထဲမှာဖြစ်ပြီး Sofa Score Appမှာ 10/10 Rating ပေးခြင်းခံခဲ့ရပါတယ်။ ကာကွယ်မှုတွေကို လူမှုကွန်ရက်မှာ တင်ထားရာမှာလည်း ဆွစ်ဇာလန်သားရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရပါတယ်။

#ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #ယန်းဆွန်မာ