ရှေ့သို့
Image

ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ အူဘာမီယန်းကို ကြားဖြတ် ခေါ်ယူဖို့ လုပ်ဆောင်ဖို့ပြင်နေတဲ့ ယူနိုက်တက်

2:16 PM, 27 August

မန်ချက်စတာယူနိုက်တက်အသင်းက ဒီနှစ်အပြောင်းအရွှေ့ကာလအတွင်း တိုက်စစ် ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့အတွက် ဆက်တိုက်ဆိုသလို ကြိုးပမ်းမှုတွပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေက ဒီနှစ်အပြောင်းအရွှေ့ကာလအတွင်း ဝါရင့်တိုက်စစ်ကစားသမား ရော်နယ်ဒိုရဲ့ အနာဂတ်မရေရာမှုနဲ့အတူ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ဖို့ရန်အတွက် ကစားသမားအချို့နဲ့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ အခြားပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းမှ စပိန်ကလပ် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားနေတဲ့ ဂါဘွန်တိုက်စစ်ကစားသမား အူဘာမီယန်းကို ခေါ်ယူဖို့ ချိတ်ဆက်လာနေတယ်လို့ နာမည်ကျော်အီတလီသတင်းထောက် ဒီမာဇီယို က ဖော်ပြ လာပါတယ်။

ယူနိုက်တက်အသင်းက အခြားလာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ ဂျာအိုဖီးလစ်၊ ကွန်ညာ နဲ့ မိုရာတာတို့ကိုလည်း ခေါ်ယူဖို့ သတင်းထွက်ပေါ်ခဲ့ဖူးပြီး ဖီးလစ်အတွက် ယူရိုသန်း ၁၃၀ ဖြင့်ပါ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ဖူးတယ်လို့ပါ သတင်းရင်းမြစ်အချို့ က ဖော်ပြခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းက ကမ္ဘာ့အဆင့်တိုက်စစ်ကစားသမား လီဝန်ဒေါ့စကီးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အူဘာမီယန်းရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ပြီးနောက် ချဲလ်ဆီးအ ပါအဝင် ကလပ် အသင်း အချို့က ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကတ္တလန်ကလပ်ဘက်ကတော့ အသက် ၃၃နှစ်အရွယ် အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း သတ်မှတ်ထားတာ ကြောင့် ချဲလ်ဆီးအသင်းအနေဖြင့် ခေါ်ယူဖို့ အတွက် အခက်အခဲဖြစ်နေချိန် တိုက်စစ်လိုအပ်ချက် ကို ဖြည့်တင်းဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်အသင်းက ကြားဖြတ် ခေါ်ယူဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဒီနှစ်အပြောင်းအရွှေ့ကာလအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်ကမှ‌ ခေါ်ယူထားနိုင်ခဲ့တဲ့‌ ချန်ပီယံလိဂ် ၅ကြိမ်ရရှိ ထားခဲ့တဲ့ ဘရာဇီးကွင်းလယ်စတား ကက်စ်မဲရိုးအပါအဝင် ကစားသမား ၄ဦးအထိကို ခေါ်ယူအားဖြည့် ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #အူဘာမီယန်း #ပရီးမီးယားလိဂ်