ရှေ့သို့
Image

ချဲလ်ဆီးက ဂေါ်ဒွန်ကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့သတင်းတွေကို လမ်းပတ် ပယ်ချ

2:03 PM, 27 August

အဲဗာတန်အသင်းနည်းပြ လမ်းပတ်က ဂေါ်ဒွန်ကို ချဲလ်ဆီးအသင်းက ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေကို ပယ်လိုက်ပါတယ်။

အသက် ၂၁ နှစ်သားကို ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပြီး အပြောင်းအရွှေ့မပိတ်ခင် ချဲလ်ဆီးကလည်း ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ကြီးမားတဲ့ငွေကြေးတစ်ရပ်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အဲဗာတန်အနေနဲ့ ဂေါ်ဒွန်ကို လက်လွှတ်ဖို့များနေပါတယ်။

လမ်းပတ်က ချဲလ်ဆီးအသင်းထံကနေ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းထားတာကို  ပယ်ချခဲ့ပါတယ်။ “ဘာကမ်းလှမ်းမှုမှမရသေးပါဘူး။ သူက ကျွန်တော်တို့ကစားသမားအဖြစ် ဆက်ရှိနေဆဲပါ။ မနက်ဖြန်အသင်း လူစာရင်းမှာ ပါဝင်လာပါလိမ့်မယ်။ ကျွန်တော်တို့အတွက် သူကကြီးမားတဲ့ ကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့အပတ်က ကျွန်တော်ပြောခဲ့သလို သူက အသင်းအတွက် အရေးပါတဲ့ကစားသမား တစ်ဦးတင်မဟုတ်ပဲ ကျွန်တော်တို့အတွက် အင်မတန်ကို အရေးပါတဲ့သူပါ။ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းထားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော် ဒါဘီမှာလည်း ဒီလိုအံ့ဖွယ်လူငယ်တွေနဲ့ လက်တွဲခဲ့ရသလို ချဲလ်ဆီးမှာလည်းအတူတူပါပဲ။
ဂေါ်ဒွန်နဲ့ အလုပ်တွဲလုပ်ရတာကိုလည်း ကျွန်တော် ကျေနပ်ပါတယ်။ သူက အဲဗာတန် ကစားသမားဖြစ်နေဆဲပါ။ သူကျွန်တော်တို့အတွက်ကစားပေးပါလိမ့်မယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #လမ်းပတ် #အပြောင်းအရွှေ့ #ဂေါ်ဒွန်