ရှေ့သို့
Image

အာဆင်နယ်၊ ယူနိုက်တက်၊ ချဲလ်ဆီးနှင့် လီဗာပူးတို့ ပွဲစဉ်များအပါအဝင် အီဗရာရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များအပေါ် ခန့်မှန်းချက်များ

1:56 PM, 27 August

လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိဖို့အတွက် လုပ်ဆောင်နေတဲ့ တန်ဟက်ရဲ့ ယူနိုက်တက်ဟာ စနေနေ့မှာ ဆောက်သမ်တန်နှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်က လီဗာပူးအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ခြေစွမ်းအတိုင်း သက်သေပြနိုဖို့အတွက် မျှော်လင့်နေတာဖြစ်ပါတယ်။

ရာသီသစ်ကို ၁၀၀ % နိုင်ပွဲဖြင့် စတင်ထားနိုင်တဲ့ အာဆင်နယ်ကတော့ ဖူလ်ဟမ်နှင့် တွေ့ဆုံမှာဖြစ်သလို ကလော့ပ်ရဲ့ လီဗာပူးကတော့ ဘုန်းမောက်နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Betfair ရဲ့ သံတမန်တစ်ဦးဖြစ်တဲ့ အီဗရာကတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အောက်ပါတိုင်း ခန့်မှန်းလိုက်ပါတယ်။

(၁) ဆောက်သမ်တန် - ယူနိုက်တက်
ဒီပွဲစဉ်က အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပါ။ ယူနိုက်တက်ဟာ ရှေ့သို့ရောက်ရှိချင်တာကြောင့် ယခုပွဲစဉ်မှာ သရေ ဒါမှမဟုတ် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ လီဗာပူးပွဲက အနိုင်ရရှိခဲ့တာက ကြက်ကန်းတိုးခဲ့တာဖြစ်တယ်လို့ အားလုံးက ပြောဆိုကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ဂိုးသွင်းယူနိုင်ပြီး Clean Sheet ကိုထိန်းနိုင်ခဲ့မယ်ဆိုရင်တော့ အနိုင်ရရှိမှာပါ။ ခန့်မှန်းချက်ကတော့ ၀-၂ ပါ။

(၂) ချဲလ်ဆီး - လက်စတာ
ချဲလ်ဆီးရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲက အံ့ဩစရာပါ။ ကျွန်တော်မကြာသေးခင်က ပြောထားသလိုပဲ မန်ဒီဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်သော်လည်း ဒီလိုအမှားတွေကြောင့် အသင်းကို ရှုံးနိမ့်သွားစေတယ်ဆိုတာ သူလည်းသိပါတယ်။ လက်စတာကတော့ ရုန်းကန်နေရတာပါ။ ဘာတွေဖြစ်သွားမလဲဆိုတာ သေချာတော့မသိပါဘူး။ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကနေ ပြန်လည် နလန်ထူဖို့အတွက် ချဲလ်ဆီးက နိုင်ပွဲရယူသွားမယ်လို့ ကျွန်တော်မြင်ပါတယ်။ ခန့်မှန်းချက်ကတော့ ၂-၀ ပါ။

(၃) ဘရိုက်တန် - လိဒ်စ်
ဘရိုက်တန်ဟာ ခြေစွမ်းပြနေတဲ့အသင်းဖြစ်ပြီး သူတို့အတွက် ဂုဏ်ယူမိပါတယ်၊ ဝဲလ်ဘတ်ကလည်း အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ လိဒ်စ်ကတော့ အကောင်းဆုံးခြေစွမ်းပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ရရှိထားသော်လည်း ဘရိုက်တန်က အနိုင်ရရှိသွားမယ်လို့ ထင်မိပါတယ်။ ခန့်မှန်းချက်ကတော့ ၂-၁ ဂိုးပါ။

(၄) မန်စီးတီး - ခရစ္စတယ်ပဲလေ့စ်
မန်စီးတီးကတော့ ကြီးကျယ်ခမ်းနားတဲ့အသင်းပါ။ ပုံမှန်အားဖြင့်ဆိုရင် မန်စီးတီးကသာ အနိုင်ရရှိမှာလို့ပြောမှာဖြစ်ပြီး ဒီလိုပွဲမျိုးမှာ ဘာမဆိုဖြစ်သွားနိုင်တာကြောင့် ကျွန်တော်ကတော့ စိတ်လှုပ်ရှားမိပါတယ်။ ဗီအဲရာက အံ့ဩဖို့ကောင်းတာတွေကို လုပ်ပြနေတာပါ။ သူ့ရဲ့အသင်းရှိ နေရာစုံမှာ အရည်အချင်းရှိကစားသမားတွေရှိနေတာကြောင့် မန်စီးတီးကို ကြောက်ရွံ့နေမှာတော့ မဟုတ်ပါဘူး။ ဂိုးတွေအများကြီးသွင်းမယ်လို့ မြင်မိပါတယ်။ မန်စီးတီးကို ဘက်ကိုကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ come back တွေ၊ စိတ်ဓာတ်တွေက နယူးကာဆယ်နှင့်ပွဲမှာ ပြသခဲ့တာပါ။ ခန့်မှန်းချက်ကတော့ ၃-၂ ဂိုးပါ။

(၅) လီဗာပူး - ဘုန်းမောက်
လီဗာပူးကတော့ အကြိတ်အနယ်ရုန်းကန်နေရတဲ့ အနေအထားမှာပါဖြစ်ပြီး ဘုန်းမောက်နှင့်ပွဲကို ရှုံးနိမ့်လို့မရပါဘူး။ သူတို့အသင်းက ကောင်းကောင်းစတင်နိုင်ခဲ့ခြင်းမရှိသေးသော်လည်း ဒီပွဲစဉ်ကို အနိုင်ရရှိရမှာပါ။ ခန့်မှန်းချက်ကတော့ ၃-၀ ဂိုးပါ။

(၆) ဘရန့်ဖို့ဒ် - အဲဗာတန်
ဖူလ်ဟမ်နှင့်ပွဲက နောက်ဆုံးမိနစ်မှာ ရှုံးနိမ့်ခဲ့ရတာကြောင့် ဘရန့်ဖို့ဒ်ကတော့ စိတ်ပျက်နေမှာပါ။ အဲဗာတန်အတွက်ကတော့ ခက်ခဲမယ့်ပွဲဖြစ်မှာဖြစ်ပြီး အနိုင်ရရှိသွားမယ်လို့ မမြင်မိပါဘူး။ ခန့်မှန်းချက်ကတော့ ၁-၁ ဂိုးပါ။

(၇)အာဆင်နယ် - ဖူလ်ဟမ်
နှစ်သင်းစလုံးက အကောင်းဆုံးကစားကြမှာဖြစ်တာကြောင့် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မှာပါ။ မီထရိုဗစ်က အာဆင်နယ်နှင့်ပွဲမှာ ဂိုးသွင်းနိုင်မှာပါ။ ဆယ်လီဘာကလည်း အကောင်းဆုံးလုပ်ပြထားတာပါ။ သူတို့ရဲ့ခံစစ်က ကောင်းမွန်သော်လည်း မီထရိုဗစ်က အန္တရာယ်ရှိနေတုန်းဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ကစားပုံက ကောင်းနေသော်လည်း လွယ်ကူတဲ့ပွဲတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ခန့်မှန်းချက်ကတော့ ၂-၁ ဂိုးပါ။

(၈) ဝုဗ် - နယူးကာဆယ်
စိန့်မက်ဆီမန်က ခြေစွမ်းပြသနေတာပါ။ သူတို့အသင်းဟာ မန်စီးတီးနှင့်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုများနှင့်အတူ ပြီးခဲ့တဲ့ရာသီကလည်း ကြီးမားတဲ့ အောင်မြင်မှုများရရှိခဲ့တာပါ။ တူညီတဲ့အမှားမျိုးကိုတော့ ထပ်လုပ်မှာတော့ မဟုတ်ပါဘူး။ သူတို့မှာ အစီစဉ်ရှိပြီး နည်းပြကလည်း ယုံကြည်မှုရှိနေပါတယ်။ ဝုဗ်ကို အဝေးကွင်းမှာ ဘာကြောင့် အနိုင်မရရှိနိုင်မှာလဲလို့တော့ မမြင်မိပါဘူး။ ခန့်မှန်းချက်ကတော့ ၀-၁ ဂိုးပါ။

(၉) အက်စ်တွန်ဗီလာ - ဝက်စ်ဟမ်း
ဝက်စ်ဟမ်းအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ရာသီအစမှာ နည်းပြ ဒေးဗစ်မိုယက််စက ဘာတွေမျှော်လင့်ထားသလဲဆိုတာ ကျွန်တော်ကတော့ သေချာမသိပါဘူး။ သူတို့မှာ စိုးရိမ်မှုတွေနဲ့ ခက်ခဲတဲ့ပွဲတွေကို စတင်ခဲ့ရတာပါ။ ဒီပွဲကို ရှုံးမယ်ဆိုရင်တော့ တော်တော်လေးကို ဆိုးရွားသွားမှာပါ။ အက်စ်တွန်ဗီလာကလည်း အတက်အကျရှိနေတဲ့အသင်းဖြစ်တာကြောင့် အနိုင်ရရှိဖို့လိုအပ်ပါတယ်။ ခန့်မှန်းချက်ကတော့ ၂-၁ ဂိုးပါ။

(၁၀) နော်တင်ဟမ်ဖောရက်စ် - တော့တင်ဟမ်
ဒီပွဲစဉ်က ခက်ခဲတဲ့ပွဲဖြစ်မှာကြောင့် ဖောရက်စ်အတွက်တော့ လွယ်ကူမှာမဟုတ်ပါဘူး။ သူတို့ရဲ့ ပရိသတ်တွေကတော့ နောက်မှာရှိမှာပါ။ ကျွန်တော်ကတော့ တော့တင်ဟမ်ပဲ အနိုင်ရရှိမယ်လို့ မြင်မိပါတယ်။ ခန့်မှန်းချက်ကတော့ ၁-၂ ဂိုးပါ။

#လီဗာပူး #မန်စီးတီး #အီဗရာ #ချဲလ်ဆီး #အာဆင်နယ် #ပရီးမီးယားလိဂ်