ရှေ့သို့
Image

အာဆင်နယ်စတား မစ်လန်းနိုင်းစ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဆောက်သမ်တန်

1:01 PM, 26 August

ဆောက်သမ်တန်အသင်းဟာ ဘုန်းမောက် ၊ ဝက်စ်ဟမ်းတို့နဲ့အပြိုင် အာဆင်နယ်စတား မစ်လန်းနိုင်းစ်ကို လက်ဦးမှုရယူဖို့ တွန်းအားပေးလုပ်ဆောင်နေပါတယ်။ မစ်လန်းနိုင်းစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရိုးမားအသင်းမှာ အငှားသွားကစားခဲ့ပြီး ယူရိုပါကွန်းဖရန့်လိဂ်ကိုရယူနိုင်ခဲ့ကာ အာတီတာ လက်အောက်မှာ နေရာမရတာကြောင့် အသင်းပြောင်းဖို့များနေပါတယ်။

အာဆင်နယ်ဟာ အခုနွေရာသီမှာပဲ အသက် ၂၄ နှစ်သားကို ရောင်းထုတ်ချင်နေပြီး စာချုပ်သက်တမ်းကလည်း ၁ နှစ်သာ ကျန်တော့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့မပိတ်ခင်မှာ အငှားထွက်ကစားနိုင်ဖို့များနေပြီး လာမယ့်နွေရာသီမှာ အလွတ်နဲ့လက်လွှတ်ရမှာဖြစ်တာကြောင့် အာဆင်နယ်က အပြီးသတ်ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။

မစ်လန်းနိုင်းစ်ဟာ အသင်းသစ် ပြောင်းဖြစ်ခဲ့မယ်ဆိုရင်လည်း ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကို ပြောင်းချင်နေပါတယ်။ အာဆင်နယ်ဟာ အခုနွေရာသီမှာ ဗီအဲရာ ၊ ဇင်ချန်ကို နဲ့ ဂျီးဆပ်စ်တို့ကို ခေါ်ယူထားခဲ့ပြီး မစ်လန်းနိုင်းစ်တစ်ယောက် ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်မှာလည်း နေရာမရသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကတော့ မစ်လန်းနိုင်းစ်ဟာ မော်ရင်ဟိုရဲ့ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

#အာဆင်နယ် #ဆောက်သမ်တန် #မစ်လန်းနိုင်းစ် #ပရီးမီးယားလိဂ်