ရှေ့သို့
Image

ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် အကောင်းဆုံး ခံစစ်မှူးအဖြစ် မဲပေးရွေးချယ်ခံရတဲ့ ဗီဒစ်

11:24 AM, 26 August

ပရီးမီးယားလိဂ်မှာ ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ စစ်ပွဲကတော့ ဘယ်တော့မှပြီးဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေကတော့ ဗီဒစ်ဟာ အကောင်းဆုံး နောက်တန်း ကစားသမားဖြစ်တယ်လို့ မဲပေးရွေးချယ်ခဲ့ပါတယ်။

ယခုနှစ်ဟာ ပရီးမီးယားလိဂ်ရဲ့ နှစ် ၃၀ ပြည့်တဲ့ နှစ်ဖြစ်ပါတယ်။ ထို့ကြောင့် ဒီဆယ်ဆုနှစ် ၃ နှစ်အတွင်း ထွက်ပေါ်ခဲ့တဲ့ အကောင်းဆုံးနေရာလိုက် ကစားသမားတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ထိုသို့ရွေးချယ်ခဲ့ရာမှာ မိုက်ကယ်အိုဝင်က ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း အကောင်းဆုံး နေရာလိုက် ကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်။

Love Island အကျော်အမော် ဂျန်မာရဲ့ ဖခင်ဖြစ်သူ မိုက်ကယ် အိုဝင်ကတော့ ပြီးခဲ့တဲ့ ခေတ်ရဲ့ အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ထိုသို့ရွေးချယ်ခဲ့ရာမှာတော့ ကွင်းလယ်အတွက် ဖရန့်လမ်းပတ်နဲ့ ရွန်းနီတို့ မပါဝင်ခဲ့ပါဘူး။ထို့အတူ လီဗာပူးကစားသမားဟောင်း ဖြစ်တဲ့ အိုဝင်ဟာ နယ်သာလန်သားနောက်ခံကစားသမား ဗန်ဒိုက်ကို ပရီးမီးယားလိဂ် အကောင်းဆုံးနောက်တန်းကစားသမားအဖြစ် ရွေးချယ်ခြင်း မပြုခဲ့ပါဘူး။

ဒါပေမယ့် ပရိတ်သတ်တွေကတော့ ဒါကို သဘောတူပုံရပါတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်အကောင်းဆုံး နောက်တန်းကစားသမားအဖြစ် တယ်ရီ ၊ ဗန်ဒိုက်နဲ့ ဖာဒီနန်တို့ကို ကျော်လွန်ကာ  ဗီဒစ်ကို ရွေးချယ်ခဲ့ပါတယ်။ ထိုကဲ့သို့ ကစားသမားတွေကို မဲပေးရွေးချယ်မှုဟာ ပြီးခဲ့တဲ့ ၃ နှစ်က စတင်မဲပေးခဲ့တာပါ။ထိုနှစ်က လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ တော့တင်ဟမ်အသင်းကို ဗိုလ်လုပွဲ မှာ အနိုင်ရခဲ့ပြီး ဗိုလ်ဆွဲထားခဲ့ပေမယ့် ပရီးမီးယားလိဂ် ဖလားတော့ မရထားသေးပါဘူး။

လီဗာပူးဟာ နောက်နှစ်မှာမှ ပရီးမီးယားလိဂ် ဖလားရရှိခဲ့တာကြောင့် ဆောက်သမ်တန် ကစားသမားဟောင်းအတွက် မဲပေးဖို့စဉ်းစားခံရတဲ့ အချိန်ဟာ တစ်နှစ်လောက် လျော့နည်းခဲ့ရပါတယ်။  သို့သော်လည်း ဗန်ဒိုက်ဟာ ဗီဒစ်ရဲ့ မဲရာခိုင်နှုန်းနဲ့ အများကြီး ကွာဟခြင်း မရှိခဲ့ပါဘူး။ ထို့အတူ ဖာဒီနန်ကလည်း ဗန်ဒိုက်ဟာ သူ့ထက်ပိုမိုကောင်းမွန်တယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ကတော့ပြီးခဲ့တဲ့ အပတ်က ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပုံစံကောင်းပျောက်ဆုံးခဲ့လိုအားလုံးက ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ ထို့အတူပဲ ဗီဒစ်ဟာလည်းပဲ ယူနိုက်တက်နဲ့ လီဗာပူးကစားခဲ့တဲ့ပွဲစဉ်မှာ ဖာနန်ဒိုတောရက်ကို မထိန်းနိုင်ခဲ့တဲ့ ဖြစ်ရပ် ကြုံခဲ့ဖူးပါတယ်။

#ဗီဒစ် #ပရီးမီးယားလိဂ်