အမောဖောက်နေတာကြောင့် ဆော်ပေါ်လိုနဲ့ ပွဲမှာ လူစားလဲခံခဲ့ရတဲ့ ဒေးဗစ်လူးဝစ်
10:26 AM, 26 August
ဘရာဇီးဖလားဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ဆော်ပေါ်လိုနဲ့ ပွဲမှာ ဖလာမင်ဂို ကစားသမား ဒေးဗစ်လူးဝစ်တစ်ယောက် အသည်းရောင်ရောဂါကြောင့် အရမ်းမောလာတဲ့ အနေအထားမှာ လူစားလဲခဲ့ရတယ်လို့သိရပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ် ကစားသမားဟောင်းဟာ ပထမအကျော့မှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၃-၁ နဲ့ အနိုင်ရရှိခဲ့ကာ ပထမပိုင်းမှာ ဘရူနိုနဲ့ လူစားလဲခံခဲ့ရပါတယ်။
ဘရာဇီးကလာတဲ့သတင်းတွေအရ အသက် ၃၅ နှစ်သားဟာ ဗိုင်းရပ်စ်တစ်ခုကူးစက်ခံခဲ့ရပြီး အရမ်းမောလာတယ်လို့ ဖော်ပြနေကြပါတယ်။ ဖလာမင်ဂိုအသင်းရဲ့ဆေးအဖွဲ့တာဝန်ရှိသူတွေကတော့ ဒေးဗစ်လူးဝစ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အခြေအနေကို အနည်းငယ်စိုးရိမ်ခဲ့ရပါတယ်။ စစ်ဆေးမှုတွေလုပ်ပြီးရင် ကျွန်တော်ဘာဖြစ်လဲဆိုတာကို ပြောပြပါမယ်။ လူးဝစ်အတွက် ဒီရာသီက ဖလာမင်ဂိုအသင်းနဲ့အတူ ဒုတိယရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အာဆင်နယ်ကနေ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ သြဂုတ်လအတွင်း ၄ ပွဲမြောက်ကို ပါဝင်ကစားနေတာဖြစ်ပြီး ကိုပါလီဘာတေးဒို ကွာတားဖိုင်နယ်အဖြစ် ကိုရင်သီယန်နဲ့ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။ “မနက်ဖြန်ဆေးအဖွဲ့က အချက်အလက်တစ်ချို့ပေးပါလိမ့်မယ်။ ကျွန်တော် ဘာမှမပြောချင်ပါဘူး။ သေချာတာက မနက်ဖြန်မှာ ဆေးအဖွဲ့က ဘာဖြစ်လဲဆိုတာ ပြောပါလိမ့်မယ်”လို့ ဖလာမင်ဂိုနည်းပြ ဂျူနီယာက ပြောကြားခဲ့ပါတယ်။
ဖလာမင်ဂိုအသင်းဟာ ဘရာဇီးစီးရီးအေရဲ့ အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ လာမယ့်လမှာ ကိုပါလီဘာတေးဒိုဆီမီးဖိုင်နယ်ပွဲအဖြစ် အာဂျင်တီးနားကလပ် ဗီလက်ဇ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။