ရှေ့သို့
Image

အက်သလက်တီကိုက ပေါင် ၃၅သန်း အထိ တောင်းဆိုတာကြောင့် မိုရာတာကို ခေါ်ယူဖို့အရေး လက်လျော့ခဲ့တဲ့ ယူနိုက်တက်

3:24 PM, 25 August

မန်ချက်စတာယူနိုင်တက်အသင်းက နည်းပြ အဲရစ်တန်ဟတ် ရဲ့ ကိုင်တွယ်မှုနဲ့အတူ ရာသီအစောပိုင်းပွဲစဉ်တွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၂ပွဲအတွင်း ဆက်တိုက် အရေးနိမ့်ခဲ့ပြီး တိုက်စစ်ပိုင်းက သွင်ဂိုး မရယူနိုင်တာကြောင့် အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ အတွက် ပြင်ဆင်မှုအနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ စပိန် တိုက်စစ်ကစားသမား အယ်ဗာရို မိုရာတာကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေဖြင့် ရောနယ်ဒိုရဲ့ အနာဂတ် မရေရာမှုနဲ့အတူ အထောင်တိုက်စစ် ကစားသမား တစ်ယောက်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပြီး မိုရာတာကို ခေါ်ယူဖို့ ဆက်သွယ်မှု ပြုလုပ်ခဲ့ပေမဲ့ လာလီဂါကလပ်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကို များပြားလွန်းတယ်လို့ ယူဆတာကြောင့် ခေါ်ယူဖို့ လက်လျော့ထား လိုက်ပြီ ဖြစ်ပါတယ်။

စပိန်တိုက်စစ်ကစားသမား မိုရာတာအပြင် အခြား အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘရာဇီးနိုင်ငံသား ကွန်ညာနဲ့ ပေါ်တူဂီစတား ဂျာအိုဖီးလစ်တို့ကို ခေါ်ယူဖို့ပါ တစ်ပြိုင်နက် သတင်း ထွက်လာခဲ့ပြီး ခိုင်မာတဲ့ သတင်းရင်းမြစ်တွေ ရဲ့ အဆိုအရတော့ ယူနိုက်တက်အသင်းက ဖီးလစ်ကို ခေါ်ယူဖို့ရန်အတွက် ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၃၀ အထိပါ ပေးချေဖို့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မက်ဒရစ်အခြေစိုက် အသင်းဘက်က ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်တယ်လို့ လည်း သိထားရပါတယ်။

ဥရောပ ထိပ်သီးလိဂ်တွေရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး နဲ့ ဂျူဗင်တပ်တို့မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ် ကစားသမား မိုရာအတွက် ယူနိုက်တက်ဘက်က ချဉ်းကပ်မှု ပြုလုပ်ခဲ့တာမှန်ပေမဲ့ အက်သလက်တီကို မက်ဒရစ်အသင်းက သတ်မှတ် တောင်းဆိုလိုက်တဲ့ ပြောင်းရွှေ့ကြေးပမာဏက များပြားလွန်းတယ်လို့ ယူဆ တာကြောင့် ခေါ်ယူမှု ပြုလုပ်ဖို့ ရပ်ဆိုင်းသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းက မိုရာတာကို ၂၀၁၉ ခုနှစ်မှာ ချဲလ်ဆီး အသင်းကနေ ခေါ်ယူထားနိုင်ခဲ့တာ ဖြစ်ပြီး စပိန်တိုက်စစ်ကစားသမားက ကလပ်အသင်းအတွက် ၆၃ပွဲကစားပြီး ၂၄ဂိုး သွင်းယူကာ ဂိုး ဖန်တီးမှု ၆ကြိမ် ပြုလုပ် ပေးထားနိုင်ခဲ့တာ ဖြစ်သလို ဒီနှစ် ၂၀၂၂-၂၃ ရာသီရဲ့ လာလီဂါ ပွဲဦးထွက် ပွဲစဉ်မှာပဲ မိုရာတာက တစ်ဦးတည်း ၂ဂိုး သွင်းယူနိုင်ခဲ့တာ ကြောင့် နည်းပြ ဆီမြွန်နီအနေဖြင့် အသက် ၂၉နှစ် အရွယ် တိုက်စစ်ကစားသမား အပေါ် ယုံကြည်မှု ပိုမို များပြားလာခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မိုရာတာ #စပိန် #အက်သလက်တီကို #ပရီးမီးယားလိဂ်