ရှေ့သို့
Image

ဘိုင်လီ ထွက်ခွာပြီးနောက် ကစားသမား ၄ ဦးလောက်ကို ထပ်မံရောင်းချဖို့ တန်ဟက် ပြင်ဆင်

1:14 PM, 25 August

ယူနိုက်တက်အသင်းနည်းပြ တန်ဟက်က အပြောင်းအရွှေ့မပိတ်ခင် ဘိုင်လီကို အငှားချပြီးနောက် နောက်ထပ်ကစားသမား ၄ ဦးလောက်ကို ရှင်းထုတ်ချင်နေပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့မပိတ်ခင် အေဂျက်စတား အန်တိုနီကို ခေါ်ယူဖို့ လုပ်ဆောင်နေသလို နောက်ထပ် တိုက်စစ်မှူးတစ်ဦးလည်း ခေါ်ယူချင်နေပါတယ်။ဒါပေမယ့် တန်ဟက်ဟာ ကစားသမားသစ်တွေအပြင် အသင်း လူအင်အားကိုလည်း ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။ ယူနိုက်တက်ဟာ ကစားသမား ၄ ဦးလောက်ကို ရှင်းထုတ်ပြီး လစာလျော့ချဖို့ ပြင်ဆင်နေပါတယ်။

ဘိုင်လီကို မာဆေးလ်အသင်းထံ တစ်ရာသီအငှားချခဲ့ပြီး တကယ်လို့ ပြင်သစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခဲ့ရင် ဒါမှမဟုတ် သေချာတဲ့ပွဲအလုံအလောက်ကစားခွင့်ပေးခဲ့ရင် အပြီးသတ်ခေါ်ယူရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ပါတယ်။ အိုင်ဗရီကို့စ်သားဟာ မာဆေးလ်အသင်းထံမှာ လစာအပြည့်အဝရဖွယ်ရှိနေပြီး တယ်လီဂရက်ဖ်သတင်းဌာနရဲ့ အဆိုအရ တန်ဟက်ဟာ ဝမ်ဘစ်ဆာကာ ၊ ဘရန်ဒန်ဝီလီယံ ၊ ဖီးလ်ဂျုံးစ် နဲ့ တွမ်ဇီဘီတို့ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

ဘစ်ဆာကာကို အသင်းဟောင်း ပဲလေ့စ်အသင်းက ချိတ်ဆက်နေပြီး ပေါင် ၁၀ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဘရန်ဒန်ဝီလီယံကိုလည်း အငှား ဒါမှမဟုတ် အပြီးသတ်ရောင်းချဖို့ ပြင်ဆင်နေကာ ညာနောက်ခံလူနေရာအတွက် အရန်အဖြစ် ဒေါ့မွန်စတား မူနီယာကို ခေါ်ယူဖွယ်ရှိနေပါတယ်။

တွမ်ဇီဘီကိုတော့ ရွန်းနီရဲ့ဒီစီယူနိုက်တက် နဲ့ ဘုန်းမောက်တို့က  စိတ်ဝင်စားနေပါတယ်။ အခြားတစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ဒီဂီယာနေရာအတွက် ကီဗင်ထရက်ပ် နဲ့ ဆွမ်မာတို့ကို ချိတ်ဆက်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘိုင်လီ #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်