ရှေ့သို့
Image

အမေရိကမြေမှာ ရေပန်းအစားဆုံး ဖြစ်လာတဲ့ လိဒ်ယူနိုက်တက်

9:25 AM, 24 August

လိဒ်ယူနိုက်တက်အသင်းရဲ့ အမေရိကမြေတော်လှန်ရေးက ရေပန်းအစားဆုံးဖြစ်လာခဲ့ပြီး အမေရိကမြေမှာ လူကြိုက်များလာတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီတုန်းက နည်းပြ ဘီယဲလ်ဆာနေရာမှာ နည်းပြသစ်အဖြစ် လိဒ်ယူနိုက်တက်က ဂျက်ဆီမာ့ချ်ကို ခန့်အပ်ခဲ့ပါတယ်။

ဘီယဲလ်ဆာဟာ အသင်းကို ၁၆ နှစ်အတွင်း ပထမဆုံး အကြိမ် တန်းတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပေမယ့် ရလဒ်တွေဆိုးဝါးခဲ့တာကြောင့် အထုတ်ခံခဲ့ရပါတယ်။ အဲ့နောက် ဂျက်ဆီမာ့ချ်က ပရီးမီးယားလိဂ်မှာ တတိယမြောက် အမေရိကန်နည်းပြဖြစ်လာခဲ့ပါတယ်။ အဲ့နောက်အသင်းကို ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး လိုက်ပ်ဇစ်နဲ့ ဆဲလ်ဘတ်မှာ လက်တွဲခဲ့ဖူးတဲ့ အာရွန်ဆင်နဲ့ တိုင်လာအဒမ်တို့ကို ခေါ်ယူခဲ့ပါတယ်။

ဂျက်ဆီမာ့ချ်အတွက် အာရွန်ဆင် နဲ့ အဒမ်တို့က အရေးပါလာခဲ့ပါတယ်။ လိဒ်ဟာ စနေနေ့မှာ ဘရိုက်တန် အသင်းနဲ့ ကစားရမှာဖြစ်ပြီး အမေရိကန်ရုပ်သံထုတ်လွှင့်မှုမှာ ပါဝင်လာခဲ့ပါတယ်။ အဆိုပါနေ့မှာ အခြား အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ လီဗာပူးနဲ့ မန်စီးတီးတို့က လက်စတာ၊ ဘုန်းမောက်၊ ပဲလေ့စ်တို့နဲ့ အသီးသီးရင်ဆိုင်ရမှာဖြစ်ပြီး လိဒ်က ရုပ်သံထုတ်လွှင့်ခွင့်မှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲကနေ ၇ မှတ်အထိ ရရှိခဲ့ပြီး တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ အာရွန်ဆင်က အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အဲ့နောက် ရိုဒရီဂိုက ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဟာရစ်ဆင်က တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီး သတင်းထောက်တွေကို ပြောကြားရာမှာ ဂျက်ဆီမာ့ချ်က “ဒီနေ့မှာ ကျွန်တော်တို့ ကံကောင်းဖို့ မလိုအပ်ခဲ့ပါဘူး။ ကျွန်တော်တို့ ယုံကြည်မှုကောင်းခဲ့သလို စိတ်အားထက်သန်မှုလည်း အကောင်းဆုံး အနေအထားမှာ ရှိနေခဲ့ပြီး စည်းကမ်းပိုင်းလည်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အခြားပွဲတွေနဲ့မတူတဲ့ အစီအစဉ်ပြောင်းလဲခဲ့ပြီး ချဲလ်ဆီးကို ရင်ဆိုင်ခဲ့ပါတယ်။ ဒီနေ့ခြေစွမ်းက ကျွန်တော်တို့ အကောင်းဆုံး အနေအထားမှာ ရှိနေခဲ့ပြီး အတူတူပေါင်းပြီး တခုခုလုပ်ပြနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#လိဒ်စ်ယူနိုက်တက် #ဘီယဲလ်ဆာ #ဂျက်ဆီမာ့ရှ် #ပရီးမီးယားလိဂ်