လီဗာပူးအသင်းနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မတိုင်မီ နှစ်ဖက်သင်းဂန္တဝင်ကစားသမားတွေရဲ့ လေးစားသမှုနဲ့ ဆက်ဆံခြင်းခံခဲ့ရတဲ့ ရွိုင်ကိန်း
4:32 PM, 23 August
မန်ချက်စတာယူနိုက်တက်အသင်းက လီဗာပူး အသင်းကို ၂ဂိုး - ၁ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်မတိုင်မီ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ရဲ့ ဂန္တဝင်ကစားသမားတွေ အနေနဲ့ ရွိုင်ကိန်းကို လေးစားမှု ရှိရှိနဲ့ ကြိုဆိုနှုတ်ဆက်မှု ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနဲ့အတူ ၁၉၉၇ ကနေ ၂၀၀၅ခုနှစ်အထိ ၁၂နှစ်ကြာ ကစားထားခဲ့ပြီးအသင်းခေါင်းဆောင် အဖြစ်ပါ ခန့်အပ်ခြင်းခံခဲ့ရတဲ့ ယူနိုက်တက် ဂန္တဝင် ကစားသမားဖြစ်သလို အိုက်ယာလန်လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကစားသမားဖြစ်ခဲ့တဲ့ ရွိုင်ကိန်းဟာ အို့ထရက်ဖို့ဒ်မှ အငြင်းပွားရယ် ပြဿနာအချို့နဲ့ အတူ အသင်းပြောင်းရွှေ့ သွားခဲ့သူဖြစ်ပေမဲ့ ပရိသတ်တွေ ရဲ့အကြားမှာတာ့ ရွိုင်းကိန်းက ဂုဏ်ယူဖွယ်ရာ ကစားသမားတစ်ယောက်အနေဖြင့် ရှိနေဆဲပဲ ဖြစ်ပါတယ်။
ရွိုင်ကိန်း အပေါ် ယူနိုက်တက်ပရိသတ်တွေနဲ့ အတူတွဲဖက်ကစားခဲ့ဖူးကြတဲ့ ကစားသမားတွေ အပြင် ပြိုင်ဘက်အဖြစ် ကစားခဲ့ကြတဲ့ ကစားသမားကြီးတွေကပါ လေးစားသမှု ရှိနေဆဲဖြစ်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ ညက ရွိုင်ကိန်း၊ ကာရေဂါ၊ နဗီးလ်တို့တွဲဖက်ပြုလုပ်တဲ့ Sky Sport သတင်းဌာနရဲ့ ရုပ်သံရိုက်ကူးရေးအစီအစဉ်အတွင်းမှာအားလုံး မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ အတူတွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား ရော်နယ်ဒိုကလည်း သူ့အပေါ် ဝေဖန်ထိုးနှက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တဲ့ လီဗာပူး ဂန္တဝင် ကစားသမား ကာရေဂါကို ကျော်ပြီး ရွိုင်းကိန်းနဲ့ နဗီးလ်တို့ကို ပွေ့ဖက် နှုတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။ နောက်ထပ် ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ သီတင်းပတ်အကုန်ကမှ တရားဝင် ခေါ်ယူနိုင်ခဲ့ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ပြီး လီဗာပူးနဲ့ ပွဲစဉ်တွင် ပရိတ်သတ်တွေနဲ့ မိတ်ဆက်မှု ပြုလုပ် ဖို့ စီစဉ်ထားတဲ့ ချန်ပီယံလိဂ် ၅ဆုရှင် ကက်စ်မဲရိုးကလည်း ရွိုင်ကိန်း ကို တရင်းတနှီးဖြင့် ပွေ့ဖက်ကာ နှုတ်ဆက်မှု ပြုလုပ် သွားခဲ့သေးတာ ဖြစ်ပါတယ်။
Sky Sport ရဲ့ အခြား အစီအစဉ်တစ်ဦးဖြစ်တဲ့ ဒေ့ဗ် ကလည်း “ရွိုင်း ရေ ခင်ဗျား ရဲ့ အိမ်ကို ပြန်လာတဲ့ ခရီးက ခမ်းနားလွန်းတယ် လို့တောင် ပြောလို့ရပါတယ်။ ဒါက ယူနိုက်တက် အသင်းအတွက်တော့ အထူးကောင်းမွန်တဲ့ ညလေးဖြစ်မှာပါ” လို့ အို့ထရက်ဖို့ဒ် အတွင်း စုဝေးရောက်ရှိနေရတဲ့ အပေါ် မှတ်ချက်ပေး ပြောဆိုခဲ့ ပါသေးတယ်။
အခြား အမျိုးသမီးဘောလုံးသမားတွေ ဖြစ်တဲ့ နီကီတာပါရစ်စ်၊ မယ်ရီအာ့ပ်စ်၊ အယ်လက်စီယာရက်ဆို၊ အယ်လာတွန်းန် တို့ကလည်း အသက် ၅၁နှစ်အရွယ် အိုယ်ယာလန် ဂန္ဓဝင် ကစားသမား ရွိုင်းကိန်းကို လေးစားမှု အပြည့်နဲ့ လက်ဆွဲနှုတ်ဆတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။