ရှေ့သို့
Image

ပေါင်သန်း ၅၀ တန် ဝုဗ်တောင်ပံ ကစားသမားကို မျက်စိကျနေတဲ့ အာဆင်နယ်

1:01 PM, 23 August

သတင်းတွေအရ အာဆင်နယ် အသင်းဟာ ဝုဗ်တောင်ပံ ကစားသမား နီတိုကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ ဂန်းနားတို့ဟာ အသက် ၂၂ နှစ်သားဟာ အသင်းရဲ့ တောင်ပံ ကစားသမား ပီပီနေရာမှာ အစားထိုးဖို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။


အာတီတာကတော့ ပီပီကို နိုက်စ်အသင်းထံ အငှားစေလွှတ်ဖို့ ပြင်ဆင်နေပြီး တကယ်လို့ အဆင်ပြေခဲ့ရင် နီတိုကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။အက်သလက်တစ်သတင်းဌာနကတော့ အာဆင်နယ်ဟာ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ မန်ဒက်စ်နဲ့ ဆွေးနွေးနေတာကြာမြင့်နေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။


မန်ဒက်စ်ဟာ နီတိုရဲ့အေးဂျင့်ဖြစ်ပြီး ၂ သင်းကြား ဆွေးနွေးမှုတွေတော့ မပြုလုပ်ရသေးတာဖြစ်ပါတယ်။ ဝုဗ်အသင်းကတော့ ၂၀၂၇ အထိ စာချုပ်သက်တမ်းရှိနေတာကြောင့် နီတိုကို အလျင်စလိုရောင်းချလိုခြင်းမရှိတာဖြစ်ပါတယ်။


တကယ်လို့ ရောင်းချဖြစ်မယ် ဆိုရင်လည်း ပေါင်သန်း ၅၀ လောက်ရမှသာ ရောင်းချဖွယ်ရှိနေပါတယ်။ အဆိုပါ တောင်ပံ ကစားသမားဟာ နည်းပြ ဘရူနို လက်အောက်မှာ ၃ ပွဲစလုံး ပါဝင် ကစားထားပါတယ်။၂၀၁၉ ဘရာဂါ အသင်းထံကနေ ရောက်လာပြီးကတည်းက နီတိုဟာ ဝုဗ်အတွက် ၉၅ ပွဲ ပါဝင် ကစားထားပြီး ၂၃ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။


ဒါပေမယ့် ဝုဗ်အသင်း တိုက်စစ်မှာ ဂွီဒက်စ် နဲ့ နူနက်ဇ်တို့ရောက်လာပြီးနောက် နီတိုရဲ့ အနာဂတ်က မသေချာတော့တာဖြစ်ပါတယ်။အာဆင်နယ်ဟာ အခုနွေရာသီမှာ ဇင်ချန်ကို ၊ ဂျီးဆပ်စ် နဲ့ ဗီအဲရာတို့ကို ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ၃ ပွဲဆက်လည်း အနိုင်ရရှိထားကာ အမှတ်ပေး ဇယားကို ဦးဆောင်နေပါတယ်။

#အာဆင်နယ် #ဇင်ချန်ကို #ဗီအဲရာ #ဂျီးဆပ် #ပရီးမီးယားလိဂ်