ရှေ့သို့
Image

အူဘာမီယန်းကို မရရင် မိုရာတာဘက် လှည့်ဖွယ်ရှိတဲ့ ချဲလ်ဆီး

10:32 AM, 23 August

စပိန်လာတဲ့သတင်းတွေအရ ချဲလ်ဆီး အသင်းဟာ ယခင်တိုက်စစ်မှူးဟောင်း မိုရာတာကို ချိတ်ဆက်လာတယ်လို့ ဖော်ပြနေကြပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီနှစ်နွေရာသီမှာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူချင်နေတာဖြစ်ပေမယ့် ခေါ်ယူနိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ ဒါကြောင့် တူချယ်ရဲ့အသင်းဟာ တိုက်စစ်ပိုင်းအတွက် အာဆင်နယ် တိုက်စစ်မှူးဟောင်းအစား မိုရာတာကို ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၉ နှစ်သားဟာ ချဲလ်ဆီးအသင်းမှာ ၂ ရာသီဖြတ်သန်းခဲ့ပေမယ့် ရုန်းကန်ခဲ့ရကာ ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ စပိန်သားဟာ ၂၀၁၉ တုန်းက တီကိုအသင်းထံ အငှားထွက်ကစားခဲ့ပြီး ၁ နှစ်အကြာမှာပဲ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းမှာလည်း၂ ရာသီအငှားထွက် ကစားခဲ့ပြီး ၉၂ ပွဲမှာ ၃၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုနွေရာသီမှာတေ့ တီကိုအသင်းထံ ပြန်ရောက်ခဲ့ပြီးဖြစ်ပေမယ့် တစ်ပွဲမှပါဝင်ကစားခွင့်မရသေးတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ အူဘာမီယန်းအဆင်မပြေခဲ့ရင် မိုရာတာကိုခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။ တူချယ်ဟာ ယခင်ဒေ့ါမွန်မှာတုန်းက လက်တွဲဖူးတဲ့ အူဘာမီယန်းနဲ့ လက်တွဲချင်နေပါတယ်။ ပြီးခဲ့တဲ့ပွဲတုန်းက ချဲလ်ဆီးဟာ လိဒ်ယူနိုက်တက်ကို ၃ ဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။ ချဲလ်ဆီးဟာ အခုနွေရာသီမှာ လူကာကူနဲ့ ဝါနာတို့ကို ရောင်းချထားခဲ့ပြီး အပြောင်းအရွှေ့မပိတ်ခင် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

#မိုရာတာ #ချဲလ်ဆီး #အူဘာမီယန်း #ပရီးမီးယားလိဂ်