ရှေ့သို့
Image

ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့်သာ နိုင်ပွဲပြန်လည် ရရှိခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ အဲရစ်တန်ဟတ်

9:33 AM, 23 August

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချူပ် အဲရစ်တန်ဟတ်က လီဗာပူးအသင်းကို ၂ဂိုး - ၁ဂိုး အနိုင်ရယူနိုင်ခဲ့တာက ကစားသမားတွေရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ အနိုင်ရယူလိုစိတ် ပြင်းပြတဲ့ အတွက် ကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် သွင်းဂိုးတွေကို တိုက်စစ်ကစားသမား တွေ ဖြစ်တဲ့ ဂျေဒန်ဆန်ချိုနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ် ၂ဦးက သွင်းယူပေးခဲ့ကြတာဖြစ်ပြီး လီဗာပူးအသင်းအတွက် ချေပဂိုး ကို တော့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလက်က ပွဲချိန် ၈၁မိနစ်မှာ ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို ခေါင်းတိုက် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ အပတ်က ပွဲစဉ်မှာ ဘရန့်ဖို့ဒ် အသင်း ကို ၄ - ၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပေမဲ့ ယခုအပတ်မှာတော့ လီဗာပူးကို အနိုင်ရယူကာ နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ ပထထမဆုံး ပရီးမီးယားလိဂ် ရမှတ် ရှာဖွေသွား နိုင်ခဲ့တဲ့ အပြင် အမှတ်ပေးဇယားမှာလည်း လီဗာပူးအသင်းကို ကျော်တက်ကာ အဆင့် ၁၄ နေရာအထိ ရပ်တည်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ လီဗာပူးအသင်းကို အိမ်ကွင်းအို့ထရက်ဖို့ဒ်မှာ အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က“ဒီနိုင်ပွဲဟာ နည်းစနစ်တွေ ကစားကွက်တွေနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး။ ကစားသမားတွေရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကြောင့် သာ အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်” “ရည်ရွယ်ချက်ကောင်းကောင်းနဲ့ တိုက်ပွဲဝင်လိုစိတ်အပြည့်ထားပြီး ကွင်းထဲကို ဝင်လိုက်တာနဲ့ ဘယ်လို့ အကျိုးရလဒ်တွေ ဖြစ်နိုင်တယ်ဆိုတာ အားလုံးမြင်နိုင်မှာပါ” “မတူညီတဲ့ ချဉ်းကပ်မှုပုံစံတွေနဲ့ မှန်ကန်တဲ့ စိတ်ဓာတ်တွေကို ကွင်းထဲကိုလည်း ယူဆောင်လာပေးကြဖို့လိုပြီး ဒါမှသာ ရလဒ်ကောင်းကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံကလည်း ဒီသဘောပါပဲ” “ရော်နယ်ဒိုနဲ မက်ဂွာရီတို့ကလည်း တကယ့်ကစားသမားကောင်း တွေဖြစ်တာ ကြောင့် နောက်ထပ်ပွဲတွေမှာတော့ အဓိက နေရာကနေ ပြန်လည် ပါဝင်ခွင့် ရပါလိမ့်မယ်” “တစ်ရာသီလုံးအတွက်ဆို ပွဲစဉ်ပေါင်း ၅၀/၆၀ လောက်အထိ ကစားရမှာ ဖြစ်တာကြောင့် လူစာရင်းတောင့်တင်းနေဖို့ အရေးကြီးသလို ရရှိထားတဲ့ လူစာရင်းကိုလည်း ကောင်းဆုံးဖြစ် အောင် အသုံးပြုသွားမှာပါ”လို့Sky Sport သတင်း ဌာနကို ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #တန်ဟတ် #ပရီးမီးယားလိဂ်