ရှေ့သို့
Image

မန်စီးတီးအတွက် ဘေးဒုက္ခဆိုးတွေလည်း လိုအပ်တယ်လို့ ထုတ်ပြောလာတဲ့ ပက်ဂွါဒီယိုလာ

3:24 PM, 22 August

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက နယူးကာဆယ်နဲ့ ရင်ဆိုင်ရချိန် ကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခဆိုးတွေအပေါ် ကြိုဆိုလိုက်ပြီး ဒီလိုအခက်အခဲတွေကြားမှာ ရှင်သန်နိုင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

မနေ့ညပိုင်း၊ စိန့်ဂျိမ်းပတ်စ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံက အက်ဒီဟိုဝီရဲ့အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်နေရာမှာ သုံးဂိုးစီသရေရလဒ်ထွက်ပေါ်လာအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဂွါဒီယိုလာက “နယူးကာဆယ်အသင်းကို ဘာကြောင့် အသိအမှတ်မပြုပေးနိုင်ကြတာလဲ။ ဘရန့်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်ကို လေးဂိုးပြတ်အနိုင်ယူလိုက်ချိန်မှာ လူတိုင်းက ယူနိုက်တက်က ဘယ်လောက်တောင်ညံ့ဖျင်းခဲ့တယ်ဆိုတာပဲ ပြောဆိုဆွေးနွေးခဲ့တယ်။ ဘရန်ဖို့ဒ်အတွက်ရော? သူတို့လည်း ကောင်းမွန်တဲ့အရာအချို့ကို လုပ်ခဲ့တာပဲ။ မဟုတ်ဘူးလား? ဒီလိုအရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ မင်းရင်ဆိုင်ရတဲ့အခါ ဒါတွေက ဖြစ်နိုင်ပါတယ်။ အခုက ဘောလုံးရာသီအစပိုင်းပဲရှိပါသေးတယ်။ ကျွန်တော်တွေးမိတာကတော့ ဒီလိုအတွေ့အကြုံတွေနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့ဆိုတာက ကျွန်တော်တို့အသင်းအတွက် အရမ်းကိုကောင်းမွန်တယ်ဆိုတာပါပဲ။ ပထမပိုင်းပြီးချိန်မှာပဲ ကျွန်တော်ဒါကို ပြောဖြစ်ခဲ့ပါတယ်။ ‘ငါတို့ ဒီအခြေအနေနဲ့  ရှင်သန်ဖို့လိုအပ်တယ်။ ၂-၁ ဂိုးနဲ့ ရှုံးနေတာ။ အခုဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမယ်။ ငါတို့က အသင်းတစ်ခုဖြစ်လို့ ရှေ့ဆက်သွားကြမယ်”လို့ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ဒါကိုပဲ ဆက်လုပ်သွားရမယ်။ ဒီလိုအခြေအနေမျိုးမှာ ရှင်သန်ဖို့ လိုအပ်တယ်။ ပရီးမီးယားလိဂ်ဆိုတာ အရမ်းခက်ခဲပါတယ်။ အသင်းတိုင်းက အမှတ်တွေလျှော့နည်းနိုင်တာဖြစ်လို့ ကျွန်တော်တို့လည်း အခုဆိုရင် အမှတ်လျှော့ရတဲ့ ပထမဆုံး ပွဲစဉ်ရှိလာပါပြီ။ ဒါပေမယ့် ၂-၁ ဂိုး ရှုံးနိမ့်နေချိန်မှာ ကျွန်တော်တို့ ဘာလုပ်ခဲ့သလဲဆိုတာ စဉ်းစားကြည့်ရအောင်”လို့ ဆိုပါတယ်။

မနေ့ညပိုင်း၊ နယူးကာဆယ်ကို အဝေးကွင်းမှာ မန်စီးတီးက သရေကျခဲ့ပြီးနောက် လက်ရှိအမှတ်ပေးဇယားကို သုံးပွဲကစား၊ သုံးပွဲနိုင်၊ ရမှတ်ကိုးမှတ်နဲ့ အာဆင်နယ်က ဦးဆောင်ထားပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်