ရှေ့သို့
Image

လိဒ်အသင်းအနေနဲ့ ချဲလ်ဆီးကို ဒုက္ခပေးနိုင်မယ်လို့ နည်းပြဂျက်ဆီမက်ရှ် ယုံကြည်မှု ရှိနေ

3:39 PM, 21 August

လိဒ်ယူနိုက်တက် အသင်းနည်းပြ ဂျက်ဆီမက်ရှ်ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ချဲလ်ဆီးအသင်းနဲ့ပွဲမှာ အိမ်ကွင်းအယ်လန်ရုတ်မှာ ချဲလ်ဆီးအသင်းကို ဖရိုဖရဲ ဖြစ်အောင် ပြုလုပ်ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီး အသင်းဟာယခုတပတ် လိဒ်အသင်းအိမ်ကွင်းမှာ လာရောက်ကစားရမှာ ဖြစ်ပြီး မက်ရှ်ကတော့ လန်ဒန်အသင်းကို ဖရိုဖရဲ ဖြစ်အောင် ပြုလုပ်ကစားနိုင်မယ်လို့ယုံကြည်နေပါတယ်။ 


"ကျွန်တော်တို့ အခု ပြိုင်ဘက်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အသင်းဖြစ်နေပြီလို့ယူဆပါတယ်။ အိမ်ကွင်း အယ်လန်ရုတ်မှာ ကစားရတာ ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ အသင်းက အစပိုင်အခြေအနေကနေ တဆင့်ခြင်းတက်လာနေတယ်ဆိုတာ မြင်နိုင်ပါလိမ့်မယ်။ "

"ကျွန်တော်တို့ အသင်းကိုတိုးတက်အောင် အစီအစဉ်ချနေပါတယ်။ အစီအစဉ်က အသင်းအတွက် အရမ်းပဲ လွယ်ကူပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကစားသမားတွေ ကွင်းထဲမှာ သူ့တို့စွမ်းဆောင်ရည် အပြည့်အဝထုတ်ကစားနိုင်ဖို့ပါပဲ။ 

ကျွန်တော်တို့အနေနဲ့ အုပ်စုလိုက် ညီညွတ်စွာ ကစားနိုင်မယ်ဆိုရင် ပြိုင်ဘက်ကို ဒုက္ခပေးနိုင်မယ့် အခွင့် အရေးရှိပါတယ်။ "


လို့ မက်ရှ်ကဆိုပါတယ်။ ထို့အတူ  လွန်ခဲ့တဲ့ နှစ် ၅၀ ကတည်းက လိဒ်နဲ့ ချဲလ်ဆီးတို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။ မက်ရှ်ကတော့ သူ့ရဲ့ အလုပ်ကိုပဲ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ 

"ကျွန်တော် ဒီအကြောင်းကို ပြောပြီးပါပြီ။ ကျွန်တော်အနေနဲ့ ဆိုရင်တောင်မှ ၁၉၆၀ ပြည့်နှစ်များဟာ ကြာမြင့်ခဲ့ပါပြီ။ ဒါက ပြောရတာ တော်တော်ကောင်းတဲ့ အရာပါ။ ‌ဒါပေမယ့် ဒီအသင်းရဲ့ အလှအပကတော့ ဒီမြို့ ဒီလမ်းပေါ်မှာ ၅ နှစ်သားလေးကအစ ၉၅ နှစ်အရွယ် အဖိုးအဖွားတွေအထိ အသင်းနဲ့ ပတ်သက်လို့ လှပတဲ့ အမှတ်တရတွေ ရှိတာပါပဲ။ "

"အခုအချိန်ကတော့ ချဲလ်ဆီးက အကောင်းဆုံးဖြစ်နေပြီးကျွန်တော်တို့ဟာ အကောင်းဆုံး ပြိုင်ဘက် အသင်းကို ရင်ဆိုင် ကစားဖို့ ပြင်ဆင်နေပါတယ်။ "


လို့ မက်ရှ်ကဆိုပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ မနှစ်က သူ့တို့ရဲ့ ယိုယွင်းနေခဲ့တဲ့ ပုံစံကို ပြုပြင်ထိန်းသိမ်းခဲ့ရပြီး မက်ရှ်ဟာ အသင်းကို တန်းမဆင်းရလေအောင် အကောင်းဆုံး တာဝန်ယူကျော်ဖြတ်ပေးခဲ့ပါတယ်။ 

လိဒ် မန်နေဂျာအဟောင်းကတော့ အသင်းရဲ့ ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတွေကို ထိန်းနိုင်ဖို့ ပျက်ကွက်ခဲ့ပြီး မက်ရှ်ကတော့ အသင်းသားတွေကို အတိတ်ကဖြစ်ရပ်တွေကနေ သင်ခန်းစာယူဖို့ တိုက်တွန်းထားပါတယ်။ 

"ပရိတ်သတ်တွေရဲ့ရှေ့မှောက်မှာ ကစားရတာက တော်တော်လေး အရေးကြီးပါတယ်။ အသင်းရဲ့ ပြယုဂ်က ဘာလဲ ၊ အယ်လန်ရုတ်ဆိုတာ ဘယ်လိုမျိုးလဲ ၊ ရော့ရှိုင်းရား က လူတွေက ဘယ်လိုလဲ ဆိုတာ သိဖို့ လိုအပ်ပါတယ်။ "


"ပရီးမီးယားလိဂ်ဆိုတာ ယဉ်ကျေးမှု ပေါင်းစုံရှိရာနေရာတစ်ခုပါ။ ဘယ်အသင်းမှာပဲ ကစား ကစား အသင်းရဲ့ ဟန်ပန်က ဘယ်လိုဆိုတာ သိဖို့ အရေးကြီးပါတယ်။ပရိတ်သတ်အကြောင်းသိရမယ်။ အသင်းရဲ့ သမိုင်းကိုသိရမယ်။ အသင်းက ထွက်ခွာသွားတဲ့ ကစားသမားတွေ အကြောင်းသိရမယ်။ ပြီးတော့ ဘာတွေ မျှော်လင့်ကြသလဲဆိုတာရောပေါ့။ အသင်းတိုင်းမှာ ကိုယ်ပိုင်ဟန်ပန်ရှိသလိုကျွန်တော်တို့ အသင်းမှာလည်း ရှိပါတယ်။ ကျွန်တော်တို့ ဟန်ပန်ကို ကျွန်တော်တို့ အရမ်းပဲ နှစ်သက်ပါတယ်။ "

လို့ မက်ရှ်ကဆိုပါတယ်။

ထို့အတူ မက်ရှ်က ချဲလ်ဆီး အသင်းနဲ့ တော့တင်ဟမ်အသင်း ပြီးခဲ့တဲ့ အပတ်က သရေရလဒ်ထွက်ပေါ်ခဲ့ပြီး နည်းပြနှစ်ယောက်ဖြစ်တဲ့ တူချယ်နဲ့ ကွန်တီတို့ အနီကတ်ပြသခံခဲ့ရပါတယ်။ ဒါပေမယ့် တူချယ်က လိဒ်ယူနိုက်တက်နဲ့ ပွဲကို ကြီးကြပ်ခွင့် ရထားပါတယ်။ သူဟာ အနီကတ်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ခံထားရပြီး ဒဏ်ငွေ ပေါင် ၃၅၀၀၀ ပေးဆောင်ဖို့ ရှိသော်လည်း ပြစ်ဒဏ်အတွက် ထုတ်ပြန်ရှင်းလင်းချက် စာမထွက်‌လာသေးသောကြောင့် ပြစ်ဒဏ်က ဆိုင်းငံ့ခံထားရပါတယ်။ 


"တူချယ်က ပွဲမှာ ကွင်းဘေးကနေ ကြီးကြပ်ခွင့် ရမှာလား? တကယ်လို့ အနီကတ်ပြခံရရင် နောက်ပွဲ ကွင်းထဲမှာ ရှိမနေရပါဘူး။ သူသာ ကြီးကြပ်ခွင့်ရရင် ကျွန်တော် စိတ်ပျက်မိမှာပါ။ ဒီကိစ္စက ရှင်းပါတယ်။ ဘောလုံးမှာ ဒီပွဲ အနီကတ်ပြခံရရင် နောက်တပွဲ မှာ ကစားခွင့်မရှိဘူးလေ။ "

လို့ မက်ရှ်က တူချယ်ရဲ့ အနီကတ်ပြစ်ဒဏ် ဆိုင်းငံ့မှုကို ဘဝင်မကျကြောင်း ပြောခဲ့ပါတယ်။ 

#ချဲလ်ဆီး #လိဒ်စ်ယူနိုက်တက် #ဂျက်ဆီမာ့ရှ် #ပရီးမီးယားလိဂ်