ရှေ့သို့
Image

ဆယ်လ်တာဗီဂိုကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး လူကာမိုဒရစ်ရဲ့ခြေစွမ်းအပေါ် ချီးကျူးပြောဆိုလိုက်တဲ့ နည်းပြအန်ဆယ်လော့တီ

3:24 PM, 21 August

ဒီနေ့မနက်ပိုင်း၊ ဆယ်လ်တာဗီဂိုကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီး ကွင်းလယ်လူ လူကာမိုဒရစ်ရဲ့ ခြေစွမ်းပိုင်းအပေါ်  ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။


ပြီးခဲ့တဲ့ဇွန်လအတွင်းမှာပဲ မက်ဒရစ်အခြေစိုက်ကလပ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်တိုးမြှင့်လိုက်တဲ့ ခရိုအေးရှားကွင်းလယ်လူက အသင်းရဲ့အဓိကကစားသမားအဖြစ် ဆက်ရှိနေမှာပါ။

မိုဒရစ်ရဲ့ ကောင်းမွန်လှပတဲ့သွင်းဂိုးတစ်ဂိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်ရဲ့ Venue Abanca-Balaidos ကွင်းနိုင်ပွဲအပြီးမှာ​တော့ မက်ဒရစ်အခြေစိုက်ကလပ်အသင်းက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရှုံးပွဲမရှိစတင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။


ပွဲစဉ်ပြီးဆုံးပြီးနောက် Marca သတင်းစာနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက " မိုဒရစ်ကို မရပ်တန့်နိုင်ပါဘူး။ သူက အမြဲတမ်းအသင့်ဖြစ်နေသလို အမြဲတမ်းလည်း ကောင်းကောင်းမွန်မွန်ကစားပါတယ်။ 

သူ့ရဲ့သွင်းဂိုးကတော့ ပွဲကို ပြောင်းလဲပစ်ခဲ့တာပါ။ အဲ့ဒီအချိန်မတိုင်ခင် ပွဲက တကယ့်ကို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်မှာလည်း ကျွန်တော်တို့ ကောင်းကောင်းစတင်နိုင်ခဲ့ပြီး ခံစစ်၊တိုက်စစ်အကူးအပြောင်း​တွေက တကယ့်ကိုအံ့မခန်းပါပဲ"လို့ ပြောဆိုခဲ့တာပါ။


လာမယ့်သီတင်းပတ်မှာတော့ ရီးရဲလ်မက်ဒရစ်က အက်စ်ပန်ညိုနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားသွားရဖို့ ရှိပါတယ်။

အခုလအတွင်း ကွင်းလယ်လူ ကတ်စ်မဲရိုး အသင်းမှထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီကတော့ သူရဲ့အသင်းလူစာရင်းဟာ ပြိုင်ပွဲတွေယှဉ်ပြိုင်နိုင်ဖို့ လုံလောက်နေတဲ့အတွက် အသင်းကွင်းလယ်ကစားသမားသစ်တစ်ဦးကို အရေးတကြီးခေါ်ယူသွားမှာမဟုတ်ဘူးလို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။


#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဆယ်လ်တာဗီဂို