ရှေ့သို့
Image

ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ဖူးတဲ့ ဂျိမ်းမီလ်နာနဲ့ ပြန်လည် ဆုံတွေ့ရတော့မယ့် ကက်စ်မဲရိုး

3:12 PM, 19 August

မန်ချက်စတာယူနိုက်တက်အသင်းက ရီရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ် ကစားသမား ကက်စ်မဲရိုးကို ခေါ်ယူနိုင်ဖို့ ရန်သဘောတူညီမှု  ရယူနိုင်ခဲ့ပြီဖြစ်တာ ကြောင့် ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ကွားတာ ဖိုင်နယ် အဖြစ် ကစားခဲ့စဉ်က ကက်စ်မဲရိုးအနေဖြင့် ကြမ်းတမ်းစွာ ခြေထိုးဖျက်ထုတ်ခဲ့ဖူးတဲ့ ဂျိမ်းမီလ်နာကို ပြန်လည် ရင်ဆိုင်သွားရဖို့ ရှိနေတာပါ။

သတင်းဌာနအချို့ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းက အဆိုပါ ဘရာဇီး ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ အတွက် ပေါင်သန်း ၆၀ဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပြီး လာမယ့် တနင်္လာနေ့မှာ ယှဉ်ပြိုင်ကစားသွားကြမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်တွင် ပွဲဦးထွက်အနေနဲ့ ဝင်ရောက် ကစားသွားနိုင်တဲ့ အလားအလာပါ ရှိနေတာပါ။

၂၀၂၁ခုနှစ် ဧပရယ်လမှာကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် အဖြစ်ကစားခဲ့တဲ့ပွဲမှာ နည်းပြ ဂျာဂန်ကလော့က လီဗာပူးကစားသမားတွေအနေနဲ့ သေချာ လူကပ်ကစားဖို့ ပြောကြားပြီး သိပ်မကြာခင်မှာပဲ ဂျိမ်းမီလ်နာက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ကာရင်ဘန်ဇီးမား ကို ကြမ်းတန်းစွာ ဝင်ရောက် ကစားခဲ့ပါတယ်။

မီလ်နာ ရဲ့ ကြမ်းတမ်းစွာကစား ခဲ့မှုက တစ်ဖက်ကစားသမားတွေ အတွက် အမျက်ထွက် စရာဖြစ်ခဲ့ပြီး နောက်ထပ်တစ်ကြိမ်ဆုံတွေ့မှုမှာတော့ ပုံမှန်အဖျက်အားသန်တဲ့ ကွင်းလယ် ကစားသမား ကက်စ်မဲရိုးက မီလ်နာကို ကွင်းစည်းပြင်ပ ကို လွင့်စင်သွားစေ လောက်တဲ့ အထိ ကြမ်းတမ်းစွာ လျှောထိုး ဖျက်ထုတ်သွားခဲ့တာ ဖြစ်ပြီး တစ်ဖက် နောက်တန်းကစားသမား ရော်ဘတ်ဆန်နဲ့ပါ အချင်းများ ခဲ့ ကြသေးတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ်တန်ဟတ် က အပြောင်းအရွှေ့ကာလ အစောပိုင်းမှာကတည်း က အားနည်းလျှက် ရှိတဲ့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပြုပြင်ဖို့ရန်အတွက် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကို အရခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ရာ မအောင် မမြင် ဖြစ်ခဲ့ပြီးမှာတော့ အခြား လာလီဂါ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီး ကွင်းလယ်လူ ကက်စ်မဲရိုးကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ကက်စ်မဲရိုးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဖြင့် ရီးရဲလ်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပြီး ကစားသမားကိုတော့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ နဲ့အတူ ၄ နှစ် + ၁ နှစ် သက်တမ်းတိုးခွင်ဖြင့် စာချူပ် ချူပ်ဆို သွားမှာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #ကက်စ်မဲရိုး #မီလ်နာ #ပရီးမီးယားလိဂ်