ရှေ့သို့
Image

ရှမိုက်ကယ်နေရာမှာ လိဒ်ဂိုးသမား မီစလီယာနဲ့ အစားထိုးချင်နေတဲ့ လက်စတာ

2:56 PM, 19 August

လက်စတာအသင်းဟာ ဂိုးသမား ရှမိုက်ကယ်နေရာမှာ လိဒ်ဂိုးသမား မီစလီယာနဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်စတာဟာ ဒိန်းမတ်ဂိုးသမားကို အခုနွေရာသီတုန်းက နိုက်စ်အသင်းထံ လက်လွှတ်ထားခဲ့ရပါတယ်။ ဘရန်ဒန်ရော်ဂျာအတွက် ဂိုးသမားနေရာမှာ ရွေးချယ်စရာမရှိပဲ ပရီးမီးယားလိဂ်အတွေ့အကြုံမရှိတဲ့ ဒန်နီဝါ့တ်ကိုသာ အသုံးပြုနေရပါတယ်။

အပြောင်းအရွှေ့ပိတ်ဖို့ ၂ ပတ်အလိုမှာပဲ လက်စတာအသင်းဟာာ ရှမိုက်ကယ်နေရာမှာ အစားထိုးဖို့ ပြင်ဆင်လာပါတယ်။ ပြင်သစ်သတင်းဌာနရဲ့အဆိုအရ လက်စတာဟာ လိဒ်ဂိုးသမား မီစလီယာကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်သားဟာ တန်းတက်လာပြီးနောက် လိဒ်အသင်းရဲ့နံပတ် ၁ ဂိုးသမားဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်းက ၄ နှစ်ကျန်သေးတဲ့အနေအထားမှာ လိဒ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ အခုအပတ်အစောပိုင်းတုန်းက ယူနိုက်တက်ဟာ ဒီဂီယာနေရာအတွက် လိဒ်ဂိုးသမားကို ချိတ်ဆက်လာတယ်လို့ သတင်းတွေက  ဆိုပါတယ်။ ဒါပေမယ့် ရိုမာနိုကတော့ လိဒ်ဟာ ပြိုင်ဘက်ယူနိုက်တက်ထံ မီစလီယာကို ရောင်းချလိုခြင်းမရှိကြောင်း ဆိုခဲ့ပါတယ်။

ဂျက်ဆီမာ့ချ်ကလည်း မီစလီယာကို အခုနွေရာသီမှာ ထွက်ခွာခွင့်ပြုဖွယ်မရှိတာဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာအနေနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မီစလီယာဟာ လိဒ်အတွက် ၈၉ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး တန်းတက်ပြီးနောက် ၃ ပွဲသာ လွဲချော်ခဲ့ပါတယ်။

ရော်ဂျာကတော့ အာဆင်နယ်ကိုအရေးနိမ့်ပြီးနောက် ဂိုးသမားနေရာအတွက် အားဖြည့်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

#လက်စတာ #လိဒ်စ်ယူနိုက်တက် #ရှမိုက်ကယ် #ရော်ဂျာ #မီစလီယာ #ပရီးမီးယားလိဂ်