ရှေ့သို့
Image

All or Nothing Documentary မှာ လိုကွန်ဂါကို ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ အန်ကီတီယာ

2:46 PM, 19 August

အာဆင်နယ်လူငယ်တိုက်စစ်မှူး  အန်ကီတီယာက All or Nothing documentary အပိုင်းတစ်ခုမှာ အသင်းဖော် လိုကွန်ဂါကို ပွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

 အန်ကီတီယာဟာ ပြီးခဲ့တဲ့ရာသီတုန်းက တစ်ရာသီအတွင်း ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားဟာ အသင်းရဲ့နံပတ် ၁ တိုက်စစ်မှူးဖြစ်ချင်ပေမယ့် ဂျီးဆပ်စ် ရောက်လာတဲ့နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ လိုကွန်ဂါက  အန်ကီတီယာ၊ တာဗာရက်စ် နဲ့ စမစ်ရိုတို့နဲ့အတူ မုန့်စားနေစဉ် အန်ကီးတီးယားအတွက် စိတ်မကောင်းဖြစ်မိတာကို ပြောကြားဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသားက ပြောကြားရာမှာ “ကျွန်တော်ကစားခွင့်ရနေပါတယ်။ အဲ့တာဘာဖြစ်လဲ။ မင်းတစ်ယောက်တည်း ကစားခွင့်မရဘူးလို့ တွေးနေတာလား။ မင်းအတွက်မင်း စိတ်မကောင်းဖြစ်နေတာကို ရပ်တန့်လိုက်ပါ”လို့  အန်ကီတီယာက ပြန်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့သလို အက်ဖ်အေဖလားမှာလည်း နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သလို အချို့ကစားသမားတွေက ပွဲထွက်ခွင့်ရနေပေမယ့် လိုကွန်ဂါနဲ့  အန်ကီတီယာတို့ကတော့ ပွဲထွက်ခွင့်မိနစ်နဲ့ ပတ်သက်ပြီး စိတ်ပျက်နေတာဖြစ်ပါတယ်။

အူဘာမီယန်း ၊ လာကာဇက်တီတို့မရှိမှုနဲ့အတူ အင်္ဂလန်သားက ပွဲထွက်ခွင့်ရလာခဲ့ပြီး လိုကွန်ဂါကလည်း ပါတေးဒဏ်ရာ ရမှုနဲ့အတူ ဇာခါနဲ့ တွဲဖက်ကစားခွင့်ရရှိခဲ့ပါတယ်။ အန်ဒါလက်ချ်စတား လိုကွန်ဂါဟာ အသင်းနည်းပြဟောင်း ကွန်ပနီရဲ့ထောက်ခံမှုရရှိထားတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် အာဆင်နယ်အသင်း လူစာရင်းမှာ နေရာရဖို့တော့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံစတားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၅ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၁၆ ပွဲသာ ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။  အန်ကီတီယာကတော့ အာဆင်နယ်ရဲ့လိဂ်နောက်ဆုံး ၈ ပွဲကို ပါဝင်ကစားခွင့်ရရှခဲ့ပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့ကာ အခုရာသီသစ်မှာတော့ စာချုပ်သစ်နဲ့အတူ အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #အန်ကီတီယာ #ပရီးမီးယားလိဂ်