ရှေ့သို့
Image

ယူနိုက်တက် အသင်းရဲ့ ပရောဂျက်မှာ ရော်နယ်ဒိုပါဖို့ အချိန်မလောက်ခဲ့ကြောင်း အသင်းဖော်ဟောင်း နာနီ ပြောကြား

10:30 AM, 19 August

ယူနိုက်တက် အသင်းဖော်ဟောင်း နာနီက ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းရဲ့ ပရောဂျက်မှာပါဖို့ အချိန်မလောက်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

ဂျူဗင်တပ်စ်ကနေပြောင်းလာပြီး ၁ နှစ်အကြာမှာပဲ ရော်နယ်ဒိုတစ်ယောက် အသင်းပြောင်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး နဲ့ ဘိုင်ယန်တို့ဟာ အသက် ၃၇ နှစ်သားကို ခေါ်ယူလိုခြင်းမရှိကြတာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ရှုပ်ထွေးတဲ့အခြေအနေတွေက အဖွင့်ပွဲမှာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့သလို အဲ့နောက် ဘရန့်ဖို့ဒ်ကိုလည်း ၄ ဂိုးပြတ်နဲ့ အရေးနိမ့်စေခဲ့ပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်လက်အောက်မှာ အသင်းကို ပြန်လည် တည်ဆောက်နေရပြီး နာနီက ရော်နယ်ဒိုအခြေအနေကို နားလည်တယ်လို့ဆိုခဲ့ပါတယ်။

“အခြေအနေတွေ အချိန်အခါတွေက အမြဲတမ်းပြောင်းလဲနေတာပါ။ ဒါပေမယ့် သူကတော့ တူညီတဲ့အရာကိုပဲ ဆက်လုပ်နေခဲ့ပါတယ်။ သူက ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး။ အသင်းက အကောင်းဆုံးမလုပ်နိုင်တဲ့အချိန်ဆို ဒီလိုမျိုးတုံ့ပြန်လေ့ရှိပါတယ်။ သူက ယူနိုက်တက်အတွက် နောက်တစ်ကြိမ်ပြန်ကစားပေးနေတာပါ။ ဒါပေမယ့် ကမ္ဘာပေါ်က အခြားအသင်းတွေနဲ့ ကစားသမားတွေကလည်း အကောင်းဆုံး လုပ်ဆောင်နေကြပါတယ်။ အသင်းပြန်လည်တည်ဆောက်လိုတဲ့နည်းပြတစ်ဦးရဲ့အသင်းမှာ သူက ကစားနေရတာပါ။ အဲ့တာက မလွယ်ကူပါဘူး။ အချိန်တစ်ခုလိုအပ်ပါတယ်။ သူက အမြဲတမ်းထိပ်တန်းနေရာမှာပဲ နေချင်တာပါ။ ဂိုးတွေ သွင်းယူလိုနေပြီး အမြဲတမ်းထိပ်တန်းဖြစ်နေချင်ပါတယ်။ အဲ့တာကြောင့် သူ့ရဲ့တုံ့ပြန်ပုံက အဆင်ပြေပါတယ်။ တခါတလေမှာ မှားယွင်းတဲ့တုံ့ပြန်မှုတွေ လုပ်တတ်ကြပါတယ်”လို့ နာနီက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကိုပြန်သွားမယ်ဆိုရင် ယူနိုက်တက်ဟာ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် လိဂ်ပွဲ ၄ ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နာနီ #ရော်နယ်ဒို #ပရီးမီးယားလိဂ်