ရှေ့သို့
Image

အာရွန်ဝမ်ဘစ်ဆာကို ပေါင် သန်း ၄၀ အရှုံးခံကာ ပြန်လည်ရောင်းချတော့မယ့် ယူနိုက်တက်

11:27 AM, 18 August

မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ၃ရာသီခန့်က ခရစ္စတယ်ပဲလေ့စ် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ အထိ ပေးချေကာ ခေါ်ယူထားခဲ့ ညာနောက်တန်းအစွန် ကစားသမား အာရွန်ဝမ်ဘစ်ဆာကို ပေါင် ၁၀ သန်း ဝန်ကျင်ဖြင့် ပြန်လည် ရောင်းချဖို့ ပြင်ဆင်လာတာကြောင့် အသားတင် ပေါင် သန်း ၄၀ လောက်အထိကို အရှုံးပေါ် သွားမှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင် စက်တင်ဘာ တစ်ရက်နေ့အတွင်းမှာပဲ သောမက်စ် မူနီယာ နဲ့ ဘာစီလိုနာ ကစားသမား ဆာဂျီနိုဒက်စ်တို့လို့ ညာနောက်ခံ ကစားသမား တွေကို အားဖြည့်ခေါ်ယူဖို့ ကြိုးစားနေရတာ ဖြစ်လို့ ပြောင်းရွှေ့ ကြေး တစ်စုံတစ်ရာ ကာမိစေရန် ဘစ်ဆာက ကို ရောင်းထုတ်နိုင်ဖို့ အလျှင်အမြန် လုပ်ဆောင်နေတာပါ။

ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေမှာ ဆိုးရွားတဲ့ ရလဒ်တွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး နောက် နည်းပြ အဲရစ်တန်ဟတ် ရဲ့ ကစားဟန်မှာလိုက်ပါ ကစားနိုင်ဖို့ရုန်းကန်နေရတဲ့ ဘစ်ဆာကာ နဲ့ ဒါးလော့တို့ကို ဆက်လက်ယုံကြည်ဖို့ခက်ခဲနေတာဖြစ်ပြီး ညာနောက်ခံနေရာကို အချိန်မီ အားဖြည့်ဖို့ လုပ်ဆောင်လျှက်ရှိနေတာပဲ ဖြစ်ပါတယ်။

ခံစစ်ကစားပုံကောင်းမွန်တဲ့ ညာနောက်တန်းအစွန်ကစားသမား ဘစ်ဆာကာ က ခရစ္စတယ်ပဲလေ့စ် အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီးတော့ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာစအချိန်တွေမှာ အားလုံးရဲ့ ချီးကျူးမှု ခံယူခဲ့ရပေမဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာတော့ တိုက်စစ်လိုက်ပါမှု ညံ့ဖျင်းတဲ့ သူ့ ကစားပုံကို ဆက်တိုက် ဝေဖန်နေခဲ့ ကြတာ ဖြစ်ပါတယ်။

ယခုနှစ် ရာသီ နည်းပြ တန်ဟတ်ရဲ့ လက်အောက်မှာတော့ ပွဲထွက်နေရာကိုပါ မရရှိခဲ့တော့ဘဲ ဒါးလော့ကို နေရာလွှဲပေးခဲ့ရပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ညာနောက်ခံနေရာအတွက် ဘယ်လ်ဂျီယံ အသင်းနဲ့အတူ လက်ရွေးစင် ကစားသမား အဖြစ် ပွဲပေါင်း ၅၆ပွဲ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ဒေါ့မွန် ညာနောက်တန်းကစားသမား သောမက်စ်မူနီယာကို ခေါ်ယူဖို့ ပြင်ဆင်နေသလို ဘာစီလိုနာအသင်းရဲ့ ညာနောက်ခံလူ ဆာဂျီနိုဒက်စ်ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေ သေးတယ်လို့ သတင်းဌာန တွေက ဖော်ပြလာကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝမ်ဘစ်ဆာကာ #ပရီးမီးယားလိဂ်