ရှေ့သို့
Image

ပြီးခဲ့တဲ့ရာသီတုန်းက ဗန်ဒိုက်ဟာ လီဗာပူး အသင်းရဲ့ အကောင်းဆုံးနောက်ခံလူ မဟုတ်ခဲ့ကြောင်း မီကာရစ်ချက် ထုတ်ဖော်ပြောကြား

9:35 AM, 18 August

မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်က ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူး အသင်းရဲ့ အကောင်းဆုံး နောက်ခံလူမဟုတ်ခဲ့ပဲ အသင်းဖော် မာတစ်ကသာ အကောင်းဆုံးလို့ ဆိုခဲ့ပါတယ်။ ၂၀၁၈ ဇန်နဝါရီတုန်းက ဗန်ဒိုက်တစ်ယောက် ဆောက်သမ်တန်ကနေ လီဗာပူး အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးဖြစ်လာခဲ့ပါတယ်။

သူဟာ လီဗာပူးအသင်းခံစစ်ကို ပုံစံပြောင်းပေးနိုင်ခဲ့ပြီး ဆုဖလားတွေရရှိအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရစ်ချက်က ဗန်ဒိုက်ဟာ လီဗာပူးအသင်းရဲ့အကောင်းဆုံးနောက်ခံလူမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရစ်ချက်က လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်း ကစားသမားတွေ ရောစပ်ရွေးချယ်ရာမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရက်ပ်နက်ကတော့ ဒီယက်စ် နဲ့ ဗန်ဒိုက်တို့ကို ရွေးချယ်ခဲ့ပြီး ရစ်ချက်က “မာတစ်က အကောင်းဆုံး အနေအထားမှာရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မာတစ်က တကယ်ကောင်းခဲ့ပါတယ်။
သူက ဗန်ဒိုက်ထက်ကို ပိုကောင်းခဲ့တာပါ။ ကျွန်တော့်အမြင်အရတော့ အဲ့လိုပါပဲ။ နောက်ထပ် ဗန်ဒိုက်တစ်ယောက်လို့တောင် ထင်မိပါတယ်။ ဗန်ဒိုက်မရှိတော့ရင် မာတစ်ကိုပဲ ရွေးချယ်ရပါလိမ့်မယ်”လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက မာတစ်ဟာ လီဗာပူးအသင်း အတွက် အရေးပါခဲ့ပြီး၃၁ ပွဲအထိ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရက်ပ်နက်က ဗန်ဒိုက်ဟာ မာတစ်ထက် ပိုကောင်းတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ ကင်မရွန်းသားဟာ ၂၀၁၆ တုန်းက လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုတော့ ဗန်ဒိုက်နဲ့ အတွဲညီနေတာဖြစ်ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #မီကာရစ်ချက် #ပရီးမီးယားလိဂ်