ရှေ့သို့
Image

ဘလက်ဘန်း တိုက်စစ်မှူး ဘရီရက်တန်ဒီရက်ဇ်ကို နိုက်စ်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားနေတဲ့ အဲဗာတန်

3:25 PM, 17 August

နိုက်စ်အသင်းဟာ ဘလက်ဘမ်းရိုဗာအသင်းက ၂၃ နှစ်အရွယ် ချီလီလက်ရွေးစင် တိုက်စစ်မှူး ဘန်ဘရီရက်တန်ဒီရက်ဇ်ကို ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဲဗာတန်အသင်းနဲ့ အပြိုင်ခေါ်ယူရဖွယ် ရှိပါတယ်။ ဘရီရက်တန်ဒီရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်သွင်းဂိုး ၂၂ ဂိုးထိ ရရှိခဲ့ပြီး အဲဗာတန်ကသာ နိုက်စ်ကို အသာစီးရယူပြီးခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရရှိသွားမှာဖြစ်ပါတယ်။

နည်းပြဖရန့်လမ်းပတ်ရဲ့ အဲဗာတန်ဟာ အဓိကတိုက်စစ်မှူး ရစ်ချာလီဆန်ကို တော့တင်ဟမ်အသင်းထံ ရောင်းချခဲ့ပြီး နောက်ထပ်တိုင်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒေါမနစ်ကယ်ဗတ်လီဝင်ကလည်း ဒူးဒဏ်ရာကြောင့် ဆက်လက်လွဲချော်နေဦးမှာဖြစ်လို့ တိုက်စစ်ကစားသမားတွေ မဖြစ်မနေ လိုအပ်လျက်ရှိပါတယ်။ အဲဗာတန်က ဘရီရက်တန်ဒီရက်ဇ်တစ်ဦးကိုပဲ ပစ်မှတ်ထားနေတာတော့ မဟုတ်ပါဘူး။ နော်တင်ဟမ်ဖောရက်စ်ကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ဆွေးနွေးနေတဲ့ ဘရိုက်တန်တိုက်စစ်မှူး နီးလ်မူပေးကလည်း အဲဗာတန်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်လျက်ရှိပါတယ်။

ဖူလ်ဟမ်ကလည်း ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်ဝင်စားလျက်ရှိပါတယ်။ တစ်ဆက်တည်းမှာပဲ ဂွတ်ဒီဆင်ကလပ်ဟာ ကစားသမားဟောင်း အီဒရစ်ဆာ ဂါနာဂူယီကို ပြန်လည်ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ၃၂ နှစ်သားအတွက် ဆွေးနွေးမှု ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့တာကြောင့် ဆဲလ်ဘတ်က မိုဟာမက်ကာမာရာကို ပြောင်းလဲဆွေးနွေးခဲ့ပါသေးတယ်။

ဒါပေမယ့် နှစ်ဖက်စလုံး တေ့တေ့ဆိုင်ဆိုင် ပြန်လည်ဆွေးနွေးပြီးနောက်မှာတော့ လာမယ့် ၂၄ နာရီအတွင်း ၂ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဂူယီဟာ ၂၀၁၆ ကနေ ၂၀၁၉ ထိ အဲဗာတန်မှာ ၃ နှစ် ကစားခဲ့ဖူးပြီး ပြင်သစ်ကလပ်ကို မပြောင်းမီ ပွဲပေါင်း ၁၀၈ ပွဲထိ ကစားပေးခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်းဖလား ၂ ကြိမ်ထိ ရရှိခဲ့သလို အာဖရိကနိုင်ငံများဖလားကိုလည်း ဆီနီဂေါ အသင်းနဲ့အတူ ဒီနှစ်အစောပိုင်းကမှ ရရှိထားပါတယ်။

#အဲဗာတန် #လမ်းပတ် #နိုက်စ် #အပြောင်းအရွှေ့ #ဒီရက်ဇ်