ရှေ့သို့
Image

အနီကဒ်ပြသခံလိုက်ရတဲ့ နူနက်ဇ်ကို ပစ်ပယ်မထားကြဖို့ လီဗာပူးအသင်းဖော်တွေကို တိုက်တွန်းလိုက်တဲ့ မီလ်နာ

4:04 PM, 16 August

ပြီးခဲ့တဲ့ ညက ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ဟာ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့နောက်ခံလူကို ခေါင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီး ရဲ့ အနီကဒ်ပြသ ကာ ထုတ်ပယ်ခြင်း ခံခဲ့ ရတာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင် ဖြစ်တဲ့ ဂျိမ်းမီလ်နာက အသင်းဖော်ကစားသမားတွေအနေနဲ့ အနီကဒ်ပြခံခဲ့ရပြီး ကွင်းအတွင်းက ထုတ်ပယ်ခံလိုက်ရတဲ့ တိုက်စစ်ကစားသမား နူနက်ဇ်ကို ဝိုင်းဝန်းကာ အားပေးနှစ်သိမ့်ပေးဖို့လိုတယ်လို့ တိုက်တွန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အန်ဖီးလ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ် ကို ၁ - ၁ ဖြင့် သရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တဲ့ ပွဲချိန်အတွင်း ကွင်းလယ်ဒိုင် ပေါတီယာနေး က ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ အန်ဒါဆန်ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ ဥရုကွေး တိုက်စစ် ကစားသမား နူနက်ဇ်ကို တိုက်ရိုက်အနီးကဒ် ပြသခဲ့တာဖြစ်ပါတယ်။

နူနက်ဇ်ရဲ့ ဖြစ်ရပ်နဲ့ ပက်သက်ပြီး အသက် ၃၆နှစ်အရွယ် ကွင်းလယ် ကစားသမား မီလ်နာက “ဒါက ရုတ်တရက်ဖြစ်သွားတဲ့ သဘောပါ။ နူနက်ဇ်က လည်း သူ့အမှားကို သိနေလောက်ပါပြီ။ ဒီအတွေ့အကြုံကနေ သူ့အနေနဲ့ နောက်ကို ဒါမျိုး ထပ်မလုပ်မိအောင် သင်ခန်းစာ ယူသွားရမှာပါ” “ကစားသမားတွေ ရဲ့ အပြုအမူတွေက သိပ်အရေးကြီးသလို ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တွေကလည်း ကျွန်တော်တို့နောက်ကနေ တစ်ခဲနက် အားပေး နေခဲ့ကြပြီး သူတို့အတွက် နိုင်ပွဲ မရယူနိုင်ခဲ့ပေမဲ့ နောက်ပွဲတွေမှာ ပိုကြိုးစားသွားမှာပါ”“ဒါပေမဲ့ ကစားသမား ၁၀ ယောက်တည်းနဲ့ လက်ကျန်ပွဲချိန်တွေမှာ အကောင်းဆုံး ထိန်းချူပ် ကစားသွားနိုင်ခဲ့တာကတော့ မယုံနိုင်စရာပါ”လို့Sky Sport သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

#လီဗာပူး #မီလ်နာ #နူနက်စ် #ပရီးမီးယားလိဂ်