ရှေ့သို့
Image

ချဲလ်ဆီးက စိတ်ဝင်စားနေတဲ့ ဂေါ်ဒွန်အတွက် တန်ကြေး သတ်မှတ်လိုက်တဲ့ အဲဗာတန်

1:47 PM, 16 August

အဲဗာတန်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ကနဦးကမ်းလှမ်းချက်ကို ပယ်ချပြီး ဂေါ်ဒွန်အတွက် ပေါင်သန်း ၅၀ လောက်အလိုရှိနေနတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သားကို အခုနွေရာသီမှာ ပရီးမီးယားလိဂ် အသင်းတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

တော့တင်ဟမ်ကလည်း ဂေါ်ဒွန်ကို ခေါ်ယူလိုနေပြီး အဲဗာတန်ထံကနေ ရစ်ချာလီဆင်ကို ခေါ်ယူူထားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ကလည်း ဂေါ်ဒွန်ကို ခေါ်ယူလိုနေပြီး ကနဦးကမ်းလှမ်းချက်ပေါင်သန်း ၃၀ ကို ပယ်ချထားပါတယ်။

ချဲလ်ဆီးက အဲဗာတန်စတားကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ တိုင်းမ်စ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်ဟာ ဂေါ်ဒွန်ကိုအသင်းမှာပဲ ဆက်ထိန်းထားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ သို့ပေမယ့် ပေါင်သန်း ၅၀ လောက်နဲ့ ကမ်းလှမ်းလာရင်တော့ ကစားသမားကို လက်လွှတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

တူူချယ်ဟာ ဇီယက်ချ်နဲ့ အိုဒွိုင်းလ်တို့ကို အခုနွေရာသီမှာ ရှင်းထုတ်ဖို့ ပြင်ဆင်နေသလို ပူလီဆစ်ကိုလည်း ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဂျာမန်သားဟာ လူကာကူထွက်ခွာမှုကြောင့် တိုက်စစ်ပိုင်းမှာ ကစားချင်ပေမယ့် စတာလင် ရောက်လာတဲ့အနေအထားမှာ ကစားခွင့်ရဖို့ မသေချာတော့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ တော့တင်ဟမ်နဲ့ပွဲမှာ ၃ မှတ်ရဖို့ နီးစပ်ခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့နောက်ကျချေပဂိုးကြောင့် သရေ ၁မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ကူလီဘာလေနဲ့ ရိစ်ဂျိမ်းတို့က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပေမယ့် ဟိုဂျက် နဲ့ ဟယ်ရီကိန်းတို့က ချေပဂိုးတွေပြန်လည် သွင်းယူခဲ့တာဖြစ်ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #ဂေါ်ဒွန်