ရှေ့သို့
Image

ကူလီဘာလေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားလိုက်တဲ့ တူချယ်

1:46 PM, 16 August

ချဲလ်ဆီး နည်းပြ တူချယ်က ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပေမယ့် တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ ခက်ခဲတဲ့ အခိုက်အတန့် တစ်ချို့နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောကြား လိုက်ပါတယ်။ ချဲလ်ဆီးဟာ တော့တင်ဟမ်နဲ့ ပွဲမှာ ၂ ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပြန်လည် ချေပခြင်း ခံခဲ့ရသလို ကွန်တီ နဲ့ တူချယ်တို့လည်း ပြဿနာ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။


ချဲလ်ဆီး နည်းပြ တူချယ်က တော့တင်ဟမ်ရဲ့ ချေပဂိုးတွေမှာ ပြစ်ဒဏ်ဘော ကျူးလွန်မှုတွေ ရှိခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ကူလီဘာလေဟာ အိမ်ကွင်း ပထမဆုံး ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပထမပိုင်းမှာ ထောင့်ကန်ဘောကနေ volley ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။


ဆီနီဂေါသားရဲ့ စွမ်းဆောင်ရည်ကို ချဲလ်ဆီး ပရိသတ်တွေက သဘောကျနေပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းကို ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ တူချယ်က သူ့ရဲ့ ကစားသမားသစ်နဲ့ ပတ်သက်ပြီး ပျော်ရွှင်ပေမယ့် အစပိုင်းမှာ ရုန်းကန်ရတယ်လို့ ခံစားနေရပါတယ်။ “လူတိုင်းက ကူလီဘာလေနဲ့ ပတ်သက်ပြီး ပျော်နေကြပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာ ခက်ခဲတဲ့ အခြေအနေ တစ်ခု ရှိခဲ့ပါတယ်။ 


အစပိုင်းမှာ သူခက်ခဲခဲ့ပြီး ကွင်းရဲ့ ခြောက်သွေ့မှုကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အားလုံး ခြုံကြည့်ရင် သူက ထိပ်တန်း ကစားသမားဆိုတာ မြင်နိုင်မှာပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ တူချယ်က အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးလည်း ကျေနပ် အားရမိတယ်လို့ ပြောကြားခဲ့ကာ ကွင်းလယ်ဒိုင်ရဲ့ ကိုင်တွယ်ပုံတော့ ဆိုးဝါးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #ကူလီဘာလေ