ရှေ့သို့
Image

ချဲလ်ဆီးထံမှ ရမှတ်တစ်မှတ် ခွဲယူနိုင်ခဲ့အပြီးမှာ ပရိသတ်တွေရှေ့တွင် အကြီးအကျယ် အောင်ပွဲခံခဲ့တာကြောင့် လှောင်ပြောင်ခံနေရတဲ့ ဘစ်ဆူးမား

3:54 PM, 15 August

တော့တင်ဟမ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဘစ်ဆူးမားက ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ချဲလ်ဆီးအသင်းနဲ့ ၂ဂိုး - ၂ဂိုး စီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲကစားချိန်အပြီးမှာ တော့တင်ဟမ်ပရိသတ်တွေ ရှေ့မှောက်မှာ အကြီးအကျယ် အောင်ပွဲခံနေခဲ့တာကြောင့် လူမှုကွန်ယက် စာမျက်နာအထက်မှာ ဝိုင်းဝန်းလှောင် ပြောင်ခံနေခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘစ်ဆူးမား အမှန်အကန် အောင်ပွဲခံနေတဲ့ ဗီဒီယိုကို တော့တင်ဟမ် ပရိတ်သတ်တစ်ဦးက Twitter ပေါ်မှာ တင်ခဲ့လိုက်အပြီးမှာ ပြိုင်ဘက် အသင်း ပရိတ်သတ်တွေက လှောင်ပြောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ဘက်ပရိသတ်တွေက ဘစ်ဆူးမားရဲ့ အောင်ပွဲခံနေတဲ့ ဗီဒီယိုကို“ချဲလ်ဆီးနဲ့ ကန်ပြီး သရေ တစ်မှတ်ပဲရတာကို ဖလားရသလိုအောင်ပွဲခံနေတာပဲ။ အာဆင်နယ်မလာဘဲ တော့တင်ဟမ် ပြောင်းသွားလို့ တော်ပါသေးရဲ့” “သူက သရေဖြစ်သွားရုံလောက်လေးနဲ့ မယုံနိုင်လောက်အောင် ပျော်နေတဲ့ပုံပါပဲ” “အသင်းငယ်ကလာတဲ့ အကျင့်က မပျောက်သေးတာပဲ။ သူ့ကို စတမ်းဖို့ဒ်ဘရစ် ဆီ မခေါ်ခဲ့တာ မှန်သွားတယ်” “၂ - ၂ ဖြစ်တာနဲ့ အဲလောက်ကြီး အောင်ပွဲ ခံနေဖို့ လိုလို့လား? သူကန်နေတာ အသင်းငယ်မှာ မဟုတ်တော့တာ”“အေးပေါ့ကွာ သူတို့အသင်းက ဖလားရသွားတာ ဆိုတော့”ဆိုပြီး လူမှု ကွန်ယက်စာမျက်နာတွေ အထက်မှာ အမျိုးမျိုးစနောက်ကာ မှတ်ချက် ပြုနေခဲ့ကြတာပဲဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းရဲ့ကွင်းလယ် ကစားသမား ဘစ်ဆူးမားက ဒီပြောင်းအရွှေ့ကာလ အတွင်းမှာမှ ဘရိုက်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူ လည်း ဖြစ် ပါတယ်။ အဆိုပါ ပွဲစဉ်အတွင်း အကြိတ်အနယ်အားပြိုင်ခဲ့ကြပြီး ကစားသမားတွေ အကြားတွင်သာ မက နည်းပြတွေဖြစ်တဲ့ တူချယ် နဲ့ ကွန်တီတို့အကြားမှာပါ အကြီးအကျယ် ငြင်းခုန်မှု ဖြစ်ပွားကာအချင်းများခဲ့တာကြောင့် ကွင်းလယ်ဒိုင် အန်တိုနီတေလာက အနီကဒ်ပြသ သတိပေးခဲ့ရပါသေးတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #ဘစ်ဆူးမား